ဂျပန်ကလပ်အသင်းများဖြင့် တစ်အုပ်စုတည်းကျနေသည့် မြန်မာ U-12 အသင်း ပွဲချိန်စာရင်းများ ထွက်ပေါ်လာ

ဩဂုတ်လ ၁ ရက်

ဂျပန်ကလပ်အသင်းများဖြင့် တစ်အုပ်စုတည်းကျနေသည့် မြန်မာ U-12 အသင်း ပွဲချိန်စာရင်းများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က အသိပေးထုတ်ပြန်ထားပြီဖြစ်ပါတယ်။

မြန်မာ U-12 အသင်း အနေဖြင့် သြဂုတ်လ(၂၀) ရက် မြန်မာစံတော်ချိန် နံနက် (၇)နာရီ မိနစ် (၂၀)တွင် Tozuka Football Club Junior အသင်းဖြင့် အုပ်စုအဖွင့်ပွဲစဉ် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယင်းနေ့တွင်ပင် Kashima Antlers Norte အသင်းဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု MFF ၏ အသိပေးချက်အရ သိရပါတယ်။

ထိုပြင် သြဂုတ်လ(၂၁)ရက် နံနက် (၇) နာရီ မိနစ်(၂၀)တွင် FC Basara Hyogo အသင်းဖြင့် ယှဥ်ပြိုင်ကစားသွားရမည်ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲသည် (၁၂) ကြိမ်မြောက် U – 12 Junior Soccer World Challenge 2024 ပြိုင်ပွဲဖြစ်ပြီး၊ မြန်မာ ယူ – (၁၂) အသင်းသည် အုပ်စု(D)တွင် ဂျပန်ဘောလုံးကလပ်များဖြစ် တစ်အုပ်စုတည်းတွင် ကျရောက်နေခြင်းဖြစ်ပါတယ်။

ပြိုင်ပွဲအား ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် လာမည့် သြဂုတ် (၂၀) ရက်မှ (၂၃) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကချင်၊ စစ်ကိုင်း ၊ ပဲခူးနှင့် မွန်တို့ရှိ တိုင်းနှင့် ပြည်နယ်အဆင့် တရားလွှတ်တော်တရားသူကြီးများ ခန့်အပ်
Next post ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တာကြောင့် လုံခြုံတဲ့ဝတ်စုံတွေ ကိုပဲ ဝတ်တာဆိုပြီး ချေပြလိုက်တဲ့ ယွန်းယွန်း