ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တာကြောင့် လုံခြုံတဲ့ဝတ်စုံတွေ ကိုပဲ ဝတ်တာဆိုပြီး ချေပြလိုက်တဲ့ ယွန်းယွန်း

ယွန်းယွန်းက ကလေးသရုပ်ဆောင်တွေထဲမှာဆို အအောင်မြင်ဆုံးဖြစ်ခဲ့သလို အကယ်ဒမီဆုကြီးကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာလည်း ဇာတ်လမ်းတွဲတွေကိုရိုက်ကူးရင် အနုပညာအလုပ်တွေကို အဆက်မပြတ် လုပ်နေရတာပါ။ မင်းသားတစ်ယောက်နဲ့ အသံဖိုင်ကိစ္စတွေကြောင့် လူအများရှေ့ကနေ ခဏပျောက်သွားခဲ့ပေမယ့်လည်း ခုနောက်ပိုင်းမှာတော့ ပုံမှန်အတိုင်းပဲ အနုပညာအလုပ်တွေ ပြန်လုပ်နေတာပါ။

ယွန်းယွန်းက အသံဖိုင်ကိစ္စကြောင့်ပဲ အရင်ကထက်ပိုပြီး အေးဆေးတည်ငြိမ်လာသလို အဝတ်အစားဝတ်တာကအစ ပြောင်းလဲသွားခဲ့ပါတယ်။ ပွဲတက်တစ်ခုမှာဆိုရင်လည်း ဂါဝန်အရှည်ကြီးကို ဝတ်ဆင်ကာ ကျစ်စမြီးတွေနဲ့ အလှပဆုံးနဲ့ အလုံခြုံလေးဝတ်ဆင်ကာ ပွဲတက်လာခဲ့ပါတယ်။ ဟိုပေါ်ဒီပေါ်တာမျိုးမရှိနေပဲ လုံခြုံနေတာကြောင့်လည်း အများအတွက် ကြည့်ရတာ အဆင်ပြေနေတာ ဖြစ်ပါတယ်။၊ ခုနောက်ပိုင်းမှာ ကောင်မလေးတွေက Tend နောက်ကိုလိုက်ကာ ဖက်ရှင်တွေ ကို အလန်းဆုံးဆိုတာမျိုးတွေသာ ရွေးချယ်ဝတ်ဆင်တတ်ကြတာပါ။

ဒါပေမယ့် ယွန်းယွန်းကတော့ အလုံခြုံဆုံးဖြစ်မယ့်အရာတွေကိုသာ ဝတ်ဆင်ချင်စိတ်ရှိတာဖြစ်ပါတယ်။ အမြင်ရိုင်းစေမယ့် အရာတွေကို ဝတ်ရတာမကြိုက်တာကြောင့် လုံခြုံစေမယ့် ဝတ်စုံလေးတွေကိုသာ ယွန်းယွန်းက အများဆုံး ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

လူအများကတော့ ယွန်းယွန်းက အတိုအပြတ်တွေကိုသာ အမြဲဝတ်ဆင်တတ်နေတာဆိုပြီး ဝေဖန်နေကြတာ ဖြစ်ပါတယ်။ မိန်းမကောင်းပီသအောင်နေထိုင်ချင်တဲ့ ယွန်းယွန်းက လတ်တလောအတွင်းမှာလည်း လူအများကြားမှာ ဇဝေဇဝါ အထင်ခံရတာတွေ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း social media ပေါ်မှာ ယွန်းယွန်းက အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်လက်ကို ချိတ်ကာ မင်္ဂလာဝတ်စုံနဲ့လျှောက်နေတဲ့ဗီဒီယိုတွေက အရမ်းကို ပြန့်နှံ့နေခဲ့ပါတယ်။ မင်္ဂလာဝတ်စုံနဲ့ လျှောက်နေကြတာ ဖြစ်တာကြောင့် လက်ထပ်ပွဲကျင်းပနေတဲ့ပုံစံနဲ့ အရမ်းကို တူနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယွန်းယွန်းတစ်ယောက်အမှန်တကယ်ပဲ လက်ထပ်ထိမ်းမြားသွားပြီးလာလို့တောင် ထင်ကုန်ကြရပါတယ်။

ဒါပေမယ့်လည်း အသက် ၂၀ ကျော်သာ ရှိသေးတဲ့ ယွန်းယွန်းရဲ့ ဘေးနားမှာအသက်၅၀ကျော်၆၀အရွယ် လူကြီးတစ်ယောက် ဖြစ်နေတာကြောင့် လူအများကတော့ ဘဝင်မကျလို့ ဖြစ်နေကြပါတယ်။ မင်းသမီးတွေရဲ့ ထုံးစံအတိုင်းအသက်ကြီးကြီး အဘိုးကြီးတစ်ယောက်ကိုများ ငွေမျက်နှာနဲ့လက်ထပ်လိုက်ပြီးလားလို့ ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနှစ်ပိုင်အတွင်း မှာလည်း မင်းသမီး မင်းသားတွေက တစ်ယောက်ပြီးတစ်ယောက် ဘောစိခရိုနီကြီးတွေနဲ့သာ အိမ်ထောင်ပြုနေကြတာ ဖြစ်ပါတယ်၊။

ဒါကြောင့်မို့ ယွန်းယွန်းကလည်း တစ်ဘဝစာလုံး သုံးဖြုန်းဖို့အတွက် အသက်အများကြီးကြီးတဲ့ သူဌေးကြီးတစ်ယောက်ကို ရွေးချယ်သွားပြီလို့ ထင်နေကြပါတယ်။ တကယ်တော့ အဲဒါက wedding show ပွဲတစ်ခုသာ ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပန်ကလပ်အသင်းများဖြင့် တစ်အုပ်စုတည်းကျနေသည့် မြန်မာ U-12 အသင်း ပွဲချိန်စာရင်းများ ထွက်ပေါ်လာ
Next post (၁-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ