လားရှိးမြိုမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခဲ့ဟု MNDAA က သတင်းမှား ဝါဒဖြန့်ကာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်

လားရှိးမြိုအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခဲ့တယ်လို ကိုးကန့်လက်နက်ကိုင် MNDAA က သတင်းမှားနဲ့ ဝါဒဖြန့်ပြီး စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်မှုကို MNDAA ပိုင် The Kokang သတင်းအေဂျင်စီက ဒီမနက်မှာဝါဒဖြန့်ချိ ထုတ်လွှင့်လာပါတယ်။

“သတင်းထူး(“လားရှိးမြို ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်) ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAA မှ လားရှိး မြို အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိးမြိုကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိးမြို လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်။” လို The Kokang သတင်းအေဂျင်စီက သက်သေအထောက်အထား တစ်ခုမှမပါဘဲ တရုတ်-မြန်မာစာသားနဲ့ မျှဝေထုတ်ပြန်လာပါတယ်။

MT News သတင်းဌာနရဲ့ အတည်ပြုချက်အရ MNDAA ဟာ လားရှိးမြိုတစ်ဝက်လောက်ကို စီးထားနိုင်တဲ့အခြေအနေပေမဲ့ လက်ရှိ နံနက် ၁၁ နာရီခွဲလောက်အထိတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းနိုင်ခြင်းလုံးဝမရှိသေးပါဘူး။

“ရမခတိုင်းစစ်ဌာနချုပ် မကျသေးပါဘူး။ တိုင်းစစ်ဌာနချုပ်နဲ့ နီးနေတဲ့အဆင့်မှာ မီဒီယာလက်ဦးမှုယူတာပါ”လုံခြုံရေးတပ်ဖွဲနဲ့ နီးစပ်သူတစ်ဦးက ဒီမနက်မှာအတည်ပြုပါတယ်။

MNDAA ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က လားရှိးမြို အမှတ် (၁၁) စစ်အခြေခံလေ့ကျင့်ရေးတပ်က သင်တန်းသား စစ်သည် တွေကို ဖမ်းဆီးပြီး ဇူလိုင် ၂၃ ရက်ကြမှ သတင်းထုတ်ပြန်ရာမှာလည်း အမှတ် (၁၁) စစ်အခြေခံလေ့ကျင့်ရေးတပ်က ဖမ်းမိ သင်တန်းသား ၃၁၇ ဦးဟာ MNDAA ဆီ အညံ့ခံတဲ့ပုံစံ ဝါဒဖြန့်ချိခဲ့ပေမဲ့ ထုတ်ပြန်တဲ့ရုပ်သံမှာ ဖမ်းမိသူတွေဟာ လေ့ကျင့်ရေး ဝတ်စုံတွေနဲ့ဖြစ်နေတာ၊ ရှေ့ဆုံးမှာ မျက်မှန်နဲ့တပ်မတော်အရာရှိဟာ အမှတ်(၁၁) စစ်ခြေခံလေ့ကျင့်ရေးတပ်က ဒုကျောင်းအုပ် ဖြစ်နေတာကြောင့် စစ်ရေးနဲ့မသက်ဆိုင်သူတွေကဘဲ ယုံကြည်ခဲ့တာမြင်ရပြီး တပ်မတော်အသိုင်းအဝိုင်းမှာတော့ MNDAA ရဲ့ စိတ်ဓာတ်စစ်ဆင် ဝါဒဖြန့်ချိမှုပြုတာကို ချက်ချင်းတုံပြန်ခဲ့တာမြင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၅ ရွေးကောက်ပွဲမှာ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် ထွက်ပေါက်မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံးအတွက် အကောင်းမွန်အချောမွေ့ဆုံး ထွက်ပေါက်လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု နိုင်ငံရေးပါတီ ၂၇ ခု ပူးတွဲ သဘောထားကြေညာချက် ထုတ်ပြန်
Next post လားရှိးမြိုအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား MNDAA သိမ်းပိုက်နိုင်ခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား