၂၀၂၅ ရွေးကောက်ပွဲမှာ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် ထွက်ပေါက်မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံးအတွက် အကောင်းမွန်အချောမွေ့ဆုံး ထွက်ပေါက်လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု နိုင်ငံရေးပါတီ ၂၇ ခု ပူးတွဲ သဘောထားကြေညာချက် ထုတ်ပြန်

ဇူလိုင်လ ၂၅ ရက်

၂၀၂၅ ရွေးကောက်ပွဲမှာ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် ထွက်ပေါက်မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံးအတွက် အကောင်းမွန်အချောမွေ့ဆုံး ထွက်ပေါက်လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု ယုံကြည်လက်ခံထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဦးဆောင်သည့် နိုင်ငံရေးပါတီ ၂၇ ပါတီ၏ ဇူလိုင် ၂၄ ရက် ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါတယ်။

နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း အသိပေးထားပြီး ၎င်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ခိုင်မာသောသန္နိဋ္ဌာန်လည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သိုသော် လက်ရှိအခြေအနေများအရ နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ စတင်ကျူးကျော်၊ နယ်မြေချဲ့ထွင်၊ စစ်ဆင်တိုက်ခိုက်လာခဲ့ကြသော NUG/CRPH/PDF/MNDAA/TNLA/AA အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA စာချုပ်အား သွေဖည်၊ ချိုးဖောက်သွားကြသည့် လက်နက်ကိုင် အဖွဲ့အစည်းအချို့တို့နှင့် ၎င်းတို့အား နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်း၊ ကူညီ၊ အားပေး၊ ထောက်ပံ့နေကြသော ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်/အဖွဲ့အစည်းအချို့တို့သည် ဒိုတာဝန်အရေးသုံးပါးကို ဖျက်ဆီးနေကြသူများဖြစ်ကြပြီး ဖျက်ဆီးခြင်းလုပ်ငန်းစဥ်များကို ခေါင်းစဥ် ၆ ခုဖြင့် ဆက်လက်ကျူးလွန်နေကြဆဲ ဖြစ်သည်ဟု ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက် ဆုချီးမြှင့်
Next post လားရှိးမြိုမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခဲ့ဟု MNDAA က သတင်းမှား ဝါဒဖြန့်ကာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်