လားရှိးမြိုအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား MNDAA သိမ်းပိုက်နိုင်ခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

လားရှိးမြိုအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား MNDAA ဦးဆောင်သော လက်နက်ကိုင်အဖွဲများ သိမ်းနိုင်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် လားရှိးမြိုစွန်ရပ်ကွက်များသို သောင်းကျန်းသူများ စိမ့်ဝင်လာ၍ လိုက်လံရှင်းလင်းနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရှိရပါသည်။

MNDAA ဦးဆောင်သော အဖွဲများက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ပြီဟု သတင်းများ ထုတ်ပြန် ရေးသားနေမှုအပေါ် ပြည်သူများ စိုးရိမ်မှုများဖြစ်ပေါ်နေသောကြောင့် အဆိုပါသတင်းမှာ မှန်ကန်မှု ရှိ/မရှိ မြေပြင် အခြေအနေများကို ထုတ်ပြန်ပေးစေလိုကြောင်း မေးမြန်းမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “မှန်ကန်မှုမရှိပါ။ လားရှိးမြိုအချိုအစွန်ရပ်ကွက်များသို သောင်းကျန်းသူများ စိမ့်ဝင်လာ၍ လိုက်လံရှင်းလင်းနေ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ရမခတိုင်းစစ်ဌာနချုပ် မကျသေးပါဘူး။ တိုင်းစစ်ဌာနချုပ်နဲ့နီးနေတဲ့အဆင့်မှာ မီဒီယာလက်ဦးမှုယူတာပါ” ဟု လုံခြုံရေး တပ်ဖွဲနဲ့ နီးစပ်သူတစ်ဦးက ယနေ့နံနက်ပိုင်းတွင် အတည်ပြုပြောကြားထားသည်။ တရုတ်၏တောင်းဆိုချက်အရ ယခုလကုန် အထိ အပစ်အခတ်ရပ်စဲမည်ဟု MNDAA က ထုတ်ပြန်ခဲ့သော်လည်း ထိုထုတ်ပြန် ချက်မှာ လိမ်လည်မှုသာဖြစ်ပြီး MNDAA က နေ့စဥ်မြိုသိမ်းရန်ကြိုးပမ်းသည့်တိုက်ပွဲများဆင်နွှဲနေသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိးမြိုမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခဲ့ဟု MNDAA က သတင်းမှား ဝါဒဖြန့်ကာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်
Next post (၂၅-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ