လူကြမ်းသရုပ်ဆောင်ကြီးကို နေရာပေးပြီး ပွဲထုတ်ပြလိုက်တဲ့ အလိုက်သိတတ်သူ ပိုပို

မြန်မာ့ရုပ်ရှင်လောကထဲမှာ ခေတ်အဆက်အဆက် လူကြမ်းတွေကို နေရာမပေးခဲ့ကြပေမယ့် စိတ်နှလုံးပြည့်ဝတဲ့ အဆိုတော်မလေးပိုပိုကတော့ လူကြမ်းကြီးဦးမျိုးကြည်ကို တကယ့်ဇာတ်ကောင်နေရာပေးပြီး music video ထဲမှာ ထည့်ရိုက်ခဲ့ပါတယ်။ ပိုပိုက သူမရဲ့ “မဆိုင်တော့မှန်းသိပေမယ့်” ဆိုတဲ့ MTV ထဲမှာ ဦးမျိုးကြည်ကို အဓိကဇာတ်ကောင် ကာရိုက်တာပေးခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်လည်း ဦးမျိုးကြည်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တာပါ။

ပုံမှန်ဆိုရင် ဘယ်ရှုတင်ကမှ လူကြမ်းမင်းသားတွေကို ဒီလိုနေရာပေးပြီး ပွဲထုတ်လေ့မရှိတာမို့ ပိုပိုရဲ့အလိုက်သိမှုနဲ့ နေရာပေးမှုက ပရိသတ်ကြားထဲမှာ ထင်ပေါ်နေပြီး ဒီအကြောင်းကို ပိုပိုကတော့ “ပိုပိုက သီချင်းအလိုက် ကာရိုက်တာ ထည့်မယ့်နေရာမှာ သေချာစဉ်းစားလေ့ရှိပါတယ်။ ဒီနေရာမှာ တွေးလိုက်တာနဲ့ ဦးမျိုးကြည်ကိုပဲ ပြေးမြင်ခဲ့တာ။ အရင်ကတည်းက ဦးမျိုးကြည်သရုပ်ဆောင်တာကိုလည်း မြင်ပြီးကြိုက်ပြီး ကြိုက်ပြီးရိုက်ချင်နေခဲ့တာ။ ဒါပေမယ့် အခွင့်အရေးကမပေးတော့ မရိုက်ဖြစ်ဘူး။ ဒီတစ်ခေါက်ကျတော့ အရင်တုန်းက ပိုပို့ရဲ့သီချင်းတွေနဲ့ မတူညီတဲ့ သီချင်းစတိုင်လေးလုပ်ချင်တယ်ဆိုပြီး တွေးဖြစ်သွားတယ်။ သရုပ်ဆောင်ရွေးတဲ့နေရာမှာလည်း မြင်နေကျထဲက ကွဲထွက်သွားမယ့် သရုပ်ဆောင်ကိုပဲ ရွေးချင်တယ်ဆိုပြီး စဉ်းစားခဲ့တယ်။ ပြောရရင် ဦးမျိုးကြည်ဆို ပရိသတ်က ချစ်လည်းချစ်တယ်။ စတိုင်ကလည်း မိုက်တယ်။ ပရိသတ်ကလည်း သဘောကျကြတယ်ဆိုတော့ ဟာ ဦးမျိုးကြီးကိုခေါ်ပြီး အကူအညီတောင်းပြီး ရိုက်ရင်ကောင်းမယ်ဆိုပြီး ကမ်းလှမ်းဖြစ်သွားတာပါ။ ဒီကာရိုက်တာနေရာမှာ ဦးမျိုးကြည်မှ ဖြစ်မယ်ဆိုတာမျိုး တွေးမိခဲ့တာပါ “လို့ တလေးတစားနဲ့ ရှင်းပြပြောဆိုခဲ့ပါတယ်။

ပိုပိုရဲ့အဆိုပါပြောစကားနဲ့ ပတ်သက်ပြီး ဦးမျိုးကြည်ကလည်း ကျွန်တော့်ဘဝမှာ music vd တွေ ရိုက်ထားတာ အတော်များများရှိပါတယ်။ ဒါပေမယ့်လည်း အခုပိုပိုနဲ့ ရိုက်တဲ့ဟာက ပုံစံမတူဘူး။ ပြောရရင် အဆိုတော်ကိုယ်တိုင်နဲ့ တွဲပြီးသရုပ်ဆောင်ရမယ်လို့ စိတ်ထဲမှာမထင်ထားဘူး။ ဝန်ခံရရင် သီချင်းပိုင်ရှင် အဆိုတော်ဖြစ်တဲ့ သူနဲ့တိုက်ရိုက်ပြီးတွဲပြီး သရုပ်ဆောင်တာဖြစ်တဲ့အတွက် ပိုပြီးထိရောက်တယ်လို့ ခံစားရတယ်။ လုပ်ကွက်ရတယ်။ ဝမ်းသာတယ်။ လို့ အားပါးတရ ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ပိုပိုကတော့ ဦးမျိုးကြည်ရဲ့အသွင်အပြင်နဲ့ သီချင်းရဲ့အရသာလိုက်ဖက်အောင် vd လေးကို retro vibe လေးသွားထားတယ်လို့ ပြောပြသွားခဲ့ပြီး စရိုက်မယ်ဆိုကတည်းက ဒီဇိုင်နာဆီပြေးရတာ။ ဦးမျိုးကြည်ကို ကုတ်လေးချုပ်ပေးပါဦးဆိုပြီး ဒါအခုဝတ်ထားတဲ့ကုတ်ဆို ဒီဇိုင်နာပျံပျံရဲ့လက်ရာပါ။ ပိုပိုဝတ်ထားတာကတော့ ဒီဇိုင်နာမဂျိုကာရဲ့လက်ရာပါ။ အတတ်နိုင်ဆုံး ကာလာစုံစုံလေးတွေနဲ့ retro theme ကို သွားထားတာဖြစ်ပါတယ်။ ဒါရိုက်တာကတော့ ပိုပိုပါပဲ။ ဒီထဲမှာဆိုရင် ဦးမျိုးကြည်ကို သီချင်းထုတ်လုပ်သူလည်းဖြစ် ပိုပို့ချစ်သူလည်း ဖြစ် အဲဒီလိုလေး သုံးထားတယ်။ ခက်တာက ကိုကြီးဆိုပြီး ပိုပိုက ခေါ်ရတာ။ အရမ်းရယ်ချင်တာပဲ။ ဘဝမှာ တစ်ခါမှမပြောဖူးဘူး။ လို့ ရယ်ကျဲကျဲနဲ့ ဖွင့်ဟခဲ့ပါတယ်။

ဒီလိုပွင့်ပွင့်လင်းလင်းနဲ့ ရယ်မောနေပေမယ့်လည်း ပိုပို့ရဲ့ ပညာရှင်တွေကို နေရာပေးတတ်တဲ့စိတ်ကလေးကတော့ ပရိသတ်ရဲ့မျက်လုံးထဲမှာ လင်းထွက်နေပြီး ပြောစကားတောက်လျှောက်မှာ ဦးမျိုးကြည်ကိုချီးကျူးသွားတာရော၊ ဒီဇိုင်နာတွေရဲ့နာမည်ကိုပါ တစ်ခါတည်းထုတ်ပြောသွားတာရောဟာ အင်မတန်ချစ်စရာဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေကလည်း အဆိုရှင်မလေးပိုပို့ကိုလူကြမ်းတွေ မင်းသမီးနဲ့မတွဲရဘူးဆိုတဲ့ စံနှုန်းကို ပိုပိုရိုက်ချိုးသွားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိုး အကျဥ်းထောင် ပွင့်သွားပြီး အကျဥ်းသား ၃၇၀ လွတ်မြောက် သတင်းမှားယွင်း
Next post (၂၄-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ