(၂၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ “နိုင်ငံတော်အဆင့် ပထမအကြိမ်” ဂုဏ်ပြုခြင်းအဖြစ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူးရရှိသူ ၅၀၇ ဦးလုံးအား ရွှေစင်ငါးမူးသားဒင်္ဂါးပြားများ ချီးမြှင့်ပွဲသို နစက ဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

၂။ အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ဆဋ္ဌမူအတိုင်း ပြန်လည်ထုတ်ဝေမည်ဖြစ်၍ ပါဝင်လှူဒါန်းနိုင်၊ လက်ရှိအလှူငွေ ကျပ်သိန်း ၁၀,၀၀၀ ကျော်ရရှိထား

၃။ ဂျပန်ကုမ္ပဏီ (၂၀၀) ကျော်မှ မြန်မာလုပ်သား (၁၁၀၀) ကျော် ကို အလုပ်ခေါ်ယူရန်ကမ်းလှမ်းထား

၄။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို NUG တက်ရောက်ခွင့် တောင်းဆိုမှု အရေးနိမ့်ခဲ့ပြီး SAC အစိုးရ၏ အမြဲတမ်းအတွင်းဝန် တက်ရောက်မည်ကို လက်ခံဟု အမေရိကန် ပြောဆိုလာ

၅။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် ပြည်သူ့အင်အားပါတီ အား ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်သည်ဟု UEC မှ ထုတ်ပြန်

၆။ လောက်ကိုင်မြိုရှိ စစ်သွေးကြွ MNDAA ရဲ့ ပင်မ ဌာနချုပ်တည်ရှိရာ အဆောက်အအုံကို တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်း

၇။ တာချီလိတ်မြိုတွင် အမျိုးသမီး ၁ ဦး နေအိမ်အတွင်းမှ ကျပ် ၁၂၅၃.၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ၊ ပစ္စတိုသေနတ်နှင့် ကျည်များ ဖမ်းဆီးရမိ

၈။ ဇူလိုင်လ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၃၇,၆၇၇ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၈၅ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၄၁၅ ကျပ်၊ Premium Diesel – ၂၈၃၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထရမ့် လုံခြုံရေးတိုးမြှင့်ပေးရန် တောင်းဆိုချက်အများအပြားကို အမေရိကန်လျှိဝှက်ထောက်လှမ်းရေး အကြီးအကဲငြင်းပယ်

၂။ လူသေဆုံးမှုများဖြစ်ခဲ့သည့် ဆူပူဆန္ဒပြမှုများအတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲက ဒါကာမြိုတွင် လူ ၅၀၀ ကျော်အား ဖမ်းဆီး

၃။ လူဦးရေ ၁၅၀ နီးပါး သေဆုံးခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေအတွက် အတိုက်အခံနိုင်ငံရေးသမားတွေကို ရှိတ်ဟာဆီနာ ပြစ်တင်ဝေဖန်

၄။ ဟိုဒေဒါဆိပ်ကမ်းတိုက်ခိုက်မှုအတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုံပြန်မယ်လို ဟူသီသူပုန်ပြော

၅။ လာမည့်နှစ်တွင် လူသားဆန်သောစက်ရုပ်များ ထုတ်လုပ်သွားမည်ဟု အီလွန်မတ်စ်ပြော

၆။ အင်ဒို ကုန်သင်္ဘောတစ်စင်း ပျောက်ဆုံးနေပြီး ရေတပ်သင်္ဘောနှစ်စင်း အပါအဝင် ကယ်ဆယ်ရေးအဖွဲများ ရှာဖွေနေ

အားကစားသတင်းများ

၁။ ၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် (၂) ဘောလုံးပြိုင်ပွဲ ဝင်ရောက်မည့် အသင်းသစ် ချင်းလန်း FC အပ်နှံပွဲပြုလုပ်

၂။ မြန်မာ့လက်ရွေးစင်ဟောင်း သန်းသန်းထွေး ဧရာဝတီ FC တွင် ပြန်လည်ကစားမည်

၃။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှုး အောင်ကောင်းမာန် နာခွန်ရှီးမားအသင်းဖြင့် လမ်းခွဲ

၄။ အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်သွားမယ့် အမေရိကန် ရက်ပ်ပါ Snoop Dogg

၅။ အာဆင်နယ်က အီတလီနောက်ခံလူကို ခေါ်ယူဖို နီးစပ်နေ

အနုပညာသတင်းများ

၁။ ခင်ပွန်းကွယ်လွန်ခြင်း ၅ နှစ်ပြည့် ရေဘေးသင့်ပြည်သူတွေအတွက် ကျပ် ၅ သိန်း လှူဒါန်းခဲ့တဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေ

၂။ ချစ်သူနဲ့ မင်္ဂလာဆောင်ရင် ပေါ့ပေါ့ပါးပါးလေးဝတ်ပြီး ပင်လယ်ကမ်းခြေမှာ ရိုးရိုးရှင်းရှင်းလေးပဲ မင်္ဂလာဆောင်ချင်တယ်ဆိုတဲ့ ဒီး

၃။ အချစ်သီချင်းတော်တော်များများက တစ်ဖက်သတ်ပဲ ကြိုက်နေတာဆိုတဲ့ ပြုံးမြသွယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကာလုံ ကိစ္စရပ်များအတွက်သာ ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို
Next post လားရှိုး အကျဥ်းထောင် ပွင့်သွားပြီး အကျဥ်းသား ၃၇၀ လွတ်မြောက် သတင်းမှားယွင်း