ကျေးဇူးရှင် ဖခင်ကြီးကိုရည်စူးပြီး သံဃာတော် ၄၄၅ ပါးကို လှူဖွယ်တွေ ဆက်ကပ်လှူဒါန်းခဲ့တဲ့ မန္တလေးသိန်းဇော်

ဇူလိုင် ၂၂ ရက် နံနက်ပိုင်းမှာ မန္တလေးသိန်းဇော်က ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ကမ္ဘာအေးမှာ ကျေးဇူးရှင် ဖခင်ကြီးဦးဘဟန်ကို ရည်စူးပြီး ဝါဆိုသင်္ကန်းဆက်ကပ်မှုနဲ့ သံဃာတော်အရှင်သူမြတ် ၄၄၅ ပါးကို နေ့ဆွမ်း လှူဖွယ်တွေ ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ယခင်ဖခင်ကြီးရှိကတည်းက နှစ်စဉ်မပျက် ပြုလုပ်တဲ့အလှူပွဲဖြစ်ပါတယ်။ ဗုဒ္ဓသာသနာတော် အရှည်တည်တံ့စေဖို့ မင်္ဂလာတစ်ပါးအနေနဲ့ ဆက်ကပ်လှူဒါန်းတာပါ။ အခုလို ဖခင်ကြီးမရှိတဲ့နောက် ဖခင်ကြီးကိုယ်စား မိခင်ကြီး ဒေါ်ခင်အေး၊ သား၊ သမီး၊ မြေးမြစ်တွေက လှူဒါန်းပေးတာဖြစ်ပါတယ်။ သံဃာတော် ရှင်သူမြတ်တွေကို ဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆက်ကပ်လှူဖြစ်ပါတယ်”လို့ မန္တလေးသိန်းဇော်က ပြောပါတယ်။

အဆိုပါ လှူဒါန်းမှု အခမ်းအနားကိုတော့ နိုင်ငံကျော် တေးသံရှင်ကြီးတွေဖြစ်တဲ့ တင်တင်မြ၊ ရီရီသန့်၊ လင်္ကာဒီပ သုခုမ ကိုအောင်ကျော်ထွန်း၊ ဇာတ်မင်းသား စမ်းရေမိုးစတဲ့ သူတွေတက်ရောက်ခဲ့ပြီး တရားတော်နာ ရေစက်သွန်းချ လှူဒါန်းခဲ့ ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လက်ရှိဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်း မုန်တိုင်းကြောင့် မြန်မာပြည်တွင် နေရာကွက်၍ မိုးကြီးနိုင်
Next post ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူ (၅၀၇)ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် နိုင်ငံတော်အဆင့် ပထမအကြိမ် ဂုဏ်ပြု ချီးမြှင့်