(၂၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အောင်ပွဲ (၁)နှစ်ပြည့်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားတက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

၂။ မုန်တိုင်းငယ်၏အရှိန်ကြောင့် နေရာကွက်၍ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်

၃။ ရူပီး-ကျပ် ငွေပေးချေမှုအတွက် မြန်မာဘဏ် (၈) ခုကို အိန္ဒိယ အတည်ပြု

၄။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပထမဆုံး ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု အောင်မြင်ခဲ့တယ်လို သိရ

၅။ ထိုင်းအစိုးရနှင့် ထိုင်းဘဏ်များအနေဖြင့် မြန်မာအစိုးရကို စစ်လက်နက်ပစ္စည်းများရရှိစေရန် ကူညီပေးခြင်းမျိုးမရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

၆။ စဉ့်ကူးမြိုအား ထိန်းချုပ်နိုင်ပြီဟု PDF များ အတည်ပြုထုတ်ပြန်သည့် ယနေ့၌ပင် တပ်မတော်က ချီတက်တိုက်ခိုက်ပြီး စဉ့်ကူးမြိုအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့

၇။ မင်းလှမြိုနယ် စမ်းဘုတ်ရွာအုပ်ချုပ်ရေးမှူးကို ပျူခေါင်းဆောင်ဟုဆိုကာ သာယာဝတီခရိုင် PDF တပ်ရင်းသုံးခု ပူးပေါင်းသတ်ဖြတ်

၈။ ဇူလိုင်လ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၇၆၃,၄၃၈ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၈၅ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၄၁၅ ကျပ်၊ Premium Diesel – ၂၈၃၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်တွင် စစ်တပ်က ကာဖျူးမိန့် ထုတ်ပြန်

၂။ ရုရှားက အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်

၃။ ပါလက်စတိုင်းနယ်နိမိတ်များကို အစ္စရေး၏ သိမ်းပိုက်ထားမှုသည် တရားမဝင်ကြောင်း စီရင်ချက်ချခဲ့သည့် ICJ ၏ ဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဝေဖန်ပြစ်တင်

၄။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတနဲ့ဖုန်းပြောဆိုခဲ့ပြီး စစ်ပွဲကိုအဆုံးသတ်ပေးဖို ကတိပြု

၅။ နိုင်ငံရေး အကျဉ်းသားတွေကို မုန်တိုင်းဒဏ်သင့် ရှင်းလင်းရေးလုပ်ငန်းတွေမှာ ဝင်ကူခိုင်းဖို ဘီလာရုစ် သမ္မတ ပြော

၆။ လက်နက်တပ်ဆင်ထားသော စက်ရုပ်များအား လာမည့် ၂နှစ်အတွင်း စစ်မြေပြင်သို တရုတ်ပိုမည်

အားကစားသတင်းများ

၁။ မြန်မာ Boxer များ ပြည်ပတွင် ဆုကြေးစား လက်ဝှေ့ပွဲများ ထိုးသတ်မည်

၂။ ယာမဲလ်ကို လုပ်ခလစာတိုးမြှင့်ပေးရန် ဘာစီလိုနာကို အေးဂျင့်မန်ဒက်စ် တောင်းဆို

၃။ စပိန်တိုက်စစ်မှူး မိုရာတာကို အေစီမီလန်အသင်း ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူ

၄။ ဘိုင်ယန်ပစ်မှတ် ဇာဗီဆီမွန်စ်ကို လက်ဦးမှု ရယူနိုင်ရန် မန်ယူအသင်းကြိုးပမ်း

၅။ မန်ယူကွင်းလယ်လူ တွန်မီနေးကို ခေါ်ယူရန် စပါးအသင်း ဆွေးနွေး

အနုပညာသတင်းများ

၁။ ဝါဆိုလပြည့်နေ့မှာ သာသနာ့ဘောင် ဝင်ရောက်ခဲ့တဲ့ စည်သူဝင်း၊ အိစိ‌‌ကွေး

၂။ ဝိတ်ကျပြီး ပိန်ပိန်ကပ်ကပ်လေးဖြစ်သွားရင် ပရိသတ်တစ်မျိုးအမြင်ဆန်းမယ်လိုထင်တယ်ဆိုတဲ့ ဝေလာရီ

၃။ အပြင်မှာ မ Ro တတ်ပေမယ့် ဇာတ်ကားထဲမှာ တအား Ro လိုဘေးနားကနေ မေးထောက်ပြီးကြည်နူးခဲ့ရတယ်ဆိုတဲ့ အဝိုင်း”

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ပြည်သူဦးရေ ရှစ်ထောင်ငါးရာကျော်ရှိ
Next post မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်အောင်ပွဲ (၁)နှစ်ပြည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ