ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ပြည်သူဦးရေ ရှစ်ထောင်ငါးရာကျော်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များအတွင်း မြစ်ရေဝင် ရောက်လျက်ရှိရာ ရေဘေးရှောင်ပြည်သူဦးရေ ရှစ်ထောင်ငါးရာကျော်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄) အုပ်စုတွင် မြစ်ရေဝင်ရောက်ခဲ့မှုကြောင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ မြို့နယ်အတွင်းရေ ဘေးရှောင်ကယ် ဆယ်ရေးစခန်း(၂၈)ခုဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာယီကူညီပြောင်းရွှေ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လိုအပ်သည့် အခြေခံ စားသောက် ကုန်ပစ္စည်းများ ကူညီထောက်ပံ့ခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုအချိန်ထိ ရေဘေးရှောင်ပြည်သူဦး ရေ ၈၅၀၀ ဦးကျော်အထိရှိနေကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ၂၀ရက် မွန်းတည့်၁၂နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ပခုက္ကူမြို့တွင် ၂၂၂၅စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ် ၂၁၅၀စင်တီမီတာထက် ၇၅စင်တီမီတာအထိ ဆက်လက် ရောက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်