ယုံကြည်မှုတွေအလွဲသုံးစားလုပ်ခံရလို့ စတီးလ်နဲ့ လက်တွဲဖြုတ်တော့မယ့် ခိုင်နှင်းဝေ

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ “INTERNATIONAL FILM FESTIVAL & AWARDS 2023 “ ရုပ်ရှင်ပွဲတော် ဆန်ခါတင်စာရင်းမှာ “ကျိန်စာသင့် နတ်သုဒ္ဓါ” ဇာတ်ကား မပါဝင်ခဲ့ဘူးလို့ အဖြစ်မှန်ပေါ် ထွက်လာပြီးနောက်မှာ မင်းသမီးခိုင်နှင်းဝေက အဆိုပါ ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာစတီးလ်နဲ့ လက်တွဲဖြုတ်မယ်လို့ ဆိုပါတယ်။

သြဂုတ် ၂ ရက်ကနေ ဩဂုတ် ၇ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ “ASEAN INTERNATIONAL FILM FESTIVAL & AWARDS 2023 “ ရုပ်ရှင်ပွဲတော်မှာ Iron Steel Film Production က ရိုက်ကူးတဲ့ “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်ကား ဆန်ခါတင်စာရင်း (၁၀) ကားမှာ ရွေးခံရထားတဲ့အတွက် ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ ပြည်ပကို ဩဂုတ် ၁ ရက်မှာ မြန်မာ နိုင်ငံက စတင်ထွက်ခွာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါဇာတ်ကားအတွက် ဇူလိုင် ၂၂ ရက်နေ့က ထုတ်ပြန်ချက် ဆန်ခါတင် ၂၃ ကားမှာ ကျိန်စာသင့် နတ်သုဒ္ဓါ ဇာတ်ကား မပါဝင်ခဲ့ဘူးလို့လည်း သိရပါတယ်။

“နိုင်ငံခြားမှာ ဒီလိုမျိုး ပွဲတက်ခွင့်ရဖို့ အဖိတ်ခံရတာ ကျေးဇူးတောင် တင်ရဦးမှာ၊ လူတိုင်းတက်ချင်တာတောင် တက်လို့မရဘူး…”ဆိုတော့ ရင်ဝကို ဆောင့်ကန်လိုက်သလိုဖြစ်သွားတယ်၊ ဘာလို့လဲဆိုတော့ ဒီနိုင်ငံခြားကဆုကိုလည်း အစ်မတို့နိုင်ငံကဆုလောက် အစ်မ တန်ဖိုးမထားဘူး၊ ကိုယ်က မြန်မာနိုင်ငံမှာလုပ်နေတဲ့ ရုပ်ရှင်မင်းသမီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံက အကယ်ဒမီကိုပဲတန်ဖိုးထားတယ်…

” ကိုယ်အရမ်းယုံကြည်ပြီး လေးစားရတဲ့သူရဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် နောက်ထပ်ကမ်းလှမ်းထားတဲ့ ဇာတ်ကားတွေနဲ့အတူ သူနဲ့တွဲပြီး ဘာလုပ်ငန်းတစ်ခုကိုမှ မလုပ်တော့ပါဘူး။လက်တွဲဖြုတ်ပါတယ် “…. လို့ဆိုပြီး သရုပ်ဆောင် ခိုင်နှင်းဝေ ခံစားချက်တွေနဲ့အတူ ပြောပြလာပါသည်။

Credit photo MQ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Taylor Swift ဟာ Eras Tour ဖျော်ဖြေပွဲမှာ Kobe Bryant ရဲ့သမီး Bianka ကို ဦးထုပ်လက်ဆောင်ပေးခဲ့
Next post မွေးနေ့အလှူ အဖြစ် စတုဒိသာ ကျွေးမွေး ခဲ့တဲ့ သရုပ်ဆောင် ဟိန်းဝေယံ ရဲ့ ညီမ​ဖြစ်သူ အယ်လာရွှေစင်