(၁၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက၏ ၂ဝ၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

၂။ မာရဝိဇယရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် နေပြည်တော်တက္ကသိုလ်များသို လွယ်ကူစွာသွားလာနိုင်ရန် ယာဉ်လိုင်းများပြေးဆွဲပေးနေ

၃။ ပြည်သူများလိုအပ်နေသည့် ဆေးဝါးများကို ဆေးကုမ္ပဏီများက ယနေ့မှစတင်၍ တိုက်ရိုက်ရောင်းချပေးနေ

၄။ မြန်မာ့ပြည်တွင်းစစ်က ထိုင်းကုန်းတွင်းတံတားစီမံကိန်းကို အကျိုးပြုကြောင်း ပိုဆောင်ရေးဒုဝန်ကြီး မာနာပွန် ပြော

၅။ မဟာမြိုင်လမ်းပိုင်းတွင် တစ်လကျော် လမ်းပိတ်ခံထားရသော ကုန်ကားသမားများက PDF များကို ဝိုင်းရိုက်၊ PDF များက ကားသမား ၁၃ ဦးကို ပစ်ခတ်ဖမ်းဆီးပြီး ယနေ့အထိပြန်မလွှတ်ပေး

၆။ သထုံနှင့်ဘီးလင်းကြားက တံတားတစ်စင်းကို KNU/PDF အဖွဲမိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် ယာယီမြေဖိုပြီး သွားလာခွင့်ပြုထား

၇။ နတ်မောက်မြိုနယ်တွင် နေပြည်တော်အမျိုးသားရေးအဖွဲမှ အမျိုးသမီးတစ်ဦးအား အကြမ်းဖက် PDF တွေ သတ်ဖြတ်

၈။ ဇူလိုင်လ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၇၁၂,၂၆၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၀၀ ကျပ်၊ Octane 95 – ၂၈၂၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၂၈၉၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကျူးဘားရှိ မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တစ်ဦး တောင်ကိုရီးယားသို ဘက်ပြောင်းခိုလှုခဲ့ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာန ပြောကြား

၂။ ကင်ညာနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှစတင်၍ နှစ်နှစ်အတွင်း အမျိုးသမီး ၄၂ ဦးကို အဆက်မပြတ်သတ်ဖြတ်ခဲ့သော လူသတ်သမား ဖမ်းမိ

၃။ ထိုင်းတွင် ထူးဆန်းစွာ သေဆုံးသွားသည့် ဗီယက်နာမ် ၆ လောင်းပြိုင်အမှုစစ်ဆေးနေသည့်ဟော်တယ်သို ထိုင်းဝန်ကြီးချုပ်ပါလာရောက်ကြည့်ရှု

၄။ ဘင်္ဂလားဒေ့ရှ် အလုပ်ခွဲတမ်းစနစ် ဆန့်ကျင်ဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်မှုများအတွင်း လူ ငါးဦး သေဆုံးကာ ၄၀၀ ကျော် ဒဏ်ရာရ

၅။ သမ္မတပူတင်ကိုလုပ်ကြံဖို အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲပြော

၆။ ထုတ်လုပ်မှုပြဿနာတွေ ဖြေရှင်းပြီးဖြစ်တဲ့အတွက် F-16V တွေ ၂၀၂၆ ခုနှစ်မတိုင်ခင် ရောက်ရှိလာမယ်လို ထိုင်ဝမ်မျှော်လင့်ထား

အားကစားသတင်းများ

၁။ မြန်မာ့လက်ရွေးစင် ကစားသမား ကျော်မင်းဦး မလေးရှားကလပ်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပူးတွဲတာဝန်ယူ

၂။ ယနေ့ ပွဲဦးထွက် ကစားခဲ့သည့် ဧရာဝတီအမျိုးသမီးအသင်း (၂)ဂိုး သွင်းယူ၍ အနိုင်ရလဒ် ထွက်ပေါ်

၃။ အုပ်စုကြပ်ထဲ ရောက်နေသည့် မြန်မာ U-19 အသင်း မနက်ဖြန် ဗီယက်နမ်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ် ကစားမည်

၄။ ကီလီယန်အမ်ဘာပေရဲ့ရီးရဲမက်ဒရစ်အသင်းမိတ်ဆက်ပွဲဟာကမ္ဘာတဝှန်းကြည့်ရှူသူ Viewer ၃.၂ဘီလီယံ ရှိပြီးသမိုင်းတလျှောက် မက်ဆီရဲ့နောက် ဒုတိယအများဆုံးစံချိန်တင်ခဲ့

၅။ အင်္ဂလန်နဲ့ လမ်းခွဲခဲ့တဲ့ ဆောက်ဂိတ်ကို ဘောလုံးသုံးသပ်သူအဖြစ် ရုပ်သံတစ်ခုက ကမ်းလှမ်း

အနုပညာသတင်းများ

၁။ ပြည်ပနိုင်ငံမှာ ကျောင်းတက်ဖို ငွေကြေးအခက်အခဲရှိသူတွေကို တစ်နှစ် ၃ ယောက် ပညာသင်စရိတ်တစ်နှစ်စာ ထောက်ပံ့ပေး သွားမယ်ဆိုတဲ့ စမိုင်းလ်

၂။ “ခြွင်းချက်မရှိ ”သီချင်းလေးက ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်မလေးတွေဘက်ကို ခြေဦးလှည့်ဆိုထားတာပါလို ဖွင့်ဟလာတဲ့ ဖြိုးမြတ်အောင်

၃။ အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ခါနှစ်ခါလောက် အသည်းကွဲဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရှမ်းတိုင်းရင်းသား နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်
Next post လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး အဆင့်မြင့်ဈေးသစ် တည်ဆောက်ခြင်း ပန္နက်တင်ပွဲပြုလုပ်