ရှမ်းတိုင်းရင်းသား နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်

အဆိုတော်ကြီး စိုင်းဆိုင်မောဝ် ၊ အသက် (၇၆) နှစ် ဟာ ဒီနေ့၊ ဇူလိုင်လ (၁၇) ရက်၊ ည 7:15 မိနစ် အချိန်တွင် ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ ကောင်း အထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ကျောက်ကပ်ရောဂါ ဝေဒနာ နှစ်ရှည်လများ ခံစားခဲ့ရတာဖြစ်ပြီး၊ ၂၀၁၈ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သွားရောက် ဆေးကုသမှု ခံယူခဲ့ဖူးပါတယ်။

အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ရှမ်းသီချင်းပေါင်းများစွာကိုသီဆိုခဲ့သူဖြစ်ပြီးလူကြိုက်များ အောင်မြင်ခဲ့တဲ့သီချင်းတွေကတော့ ရှမ်းပဲပုတ်လေးကျွန်တော်၊မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ စိုင်းချစ်တဲ့ရတန ၊ တစ်ရွာသားနဲ့ပုဝါပါး စတဲ့သီချင်းပေါင်း များစွာ ကိုသီဆိုခဲ့တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Trailer ထဲမှာrap သီချင်းထည့်ထားလို့ အဆဲခံနေရတဲ့ Gladiator II
Next post (၁၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်