မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မည့် အင်တာနက် အသုံးပြုမည့် ဆက်စပ်ပစ္စည်း အစုံ ၄၀၀ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့သို့ ပို့ဆောင်မည်ဟု ယူဆသော အင်တာနက် အသုံးပြုရန် ဆက်စပ်ပစ္စည်း အစုံ ၄၀၀ ကို ထိုင်းအာဏာပိုင်များက ဇူလိုင် ၁၁ရက်နေ့က မော်တော်ယာဉ်တစ်စီးပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အင်တာနက်အသုံးပြုရန် ဆက်သွယ်ရေးတိုင်အပါအဝင် ဆက်စပ်ပစ္စည်း အစုံ ၄၀၀၊ အစိတ်အပိုင်းအားဖြင့် အခုရေ ၂၅၀၀ ရှိသော ဆက်သွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မော်တော်ယာဉ်တစ်စီးနှင့်အတူ မဲဆောက်မြို့ ဘန့်မဲ့မိုင်ထာ့စူး အမှတ် ၇ ရပ်ကွက် မယ်ကုစီရင်စုတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

မြန်မာဘက်ခြမ်းသို့ပို့ဆောင်မည့် အင်တာနက် ဆက်သွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ထိုင်း အာဏာပိုင်များက မဲဆောက်မြို့ရှိ အကောက်ခွန်ရုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထို့အတူ ဇွန် ၁၃ ရက်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ်စည်းအနီး မဲဆောက် ခရိုင် သစိုင်းလိတ်မြို့နယ် အမှတ် ၃ ဘန် သရက်ကျေးရွာ တွင် မြန်မာဘက်သို့ ပို့ဆောင်မည် ဟုယူဆရသော တရားမဝင်ဖုန်း ၁၀၆၂ လုံး ကိုလည်း ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နဲ့လွိုင်ကော်လေဆိပ်ကို အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေ
Next post (၁၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်