လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နဲ့လွိုင်ကော်လေဆိပ်ကို အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေ

လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နဲ့လွိုင်ကော်လေဆိပ်ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကယားလက်နက်ကိုင်များနဲ့ PDF များ မြို့သိမ်းဖို့ ကြိုးပမ်းမှုအောက် ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ KNPP KNDFအဖွဲ့နှင့် PDF များက စစ်ရေးနှင့်မသက်ဆိုင်တဲ့ ပစ်မှတ် မဟုတ်တဲ့ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကို ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဆရာ/ဆရာမများ၊ ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို လူသား တံတိုင်းအနေဖြင့် အကာအကွယ်ပြုလုပ်ကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ လွိုင်ကော်တက္ကသိုလ်ကို ယာယီ ပိတ်ထားခဲ့ရပါတယ်။

လက်ရှိမှာ တက္ကသိုလ်ရှိ အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်ပစ္စည်းများ၊ သင်ထောက်ကူပြုပစ္စည်းများ များစွာထိခိုက် နစ်နာ ဆုံးရှုံးပျက်စီးခဲ့ရတာကို ပြုပြင်ပြီးပြန်လည်ဖွင့်လှစ်နိုင်ရေး ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နဲ့ တာဝန်ရှိသူများက ဒီကနေ့ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မျှော်မှန်းထားသလို ဆုအကြီးကြီး မယူလာပေးနိုင်လို့ အားနာရပါတယ်ဆိုတဲ့ အလှမယ် ဒီး
Next post မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မည့် အင်တာနက် အသုံးပြုမည့် ဆက်စပ်ပစ္စည်း အစုံ ၄၀၀ ဖမ်းဆီးရမိ