မျှော်မှန်းထားသလို ဆုအကြီးကြီး မယူလာပေးနိုင်လို့ အားနာရပါတယ်ဆိုတဲ့ အလှမယ် ဒီး

ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Suparanational 2024 ပြိုင်ပွဲကြီးမှာ မြန်မာ့ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အလှမယ် ဒီးကတော့ မြန်မာနိုင်ငံအတွက် မျှော်မှန်းထားသလို ဆုမယူလာပေးနိုင်တဲ့ အတွက် အားနာမိတယ်လို့ ဆိုပါတယ်။

“ဒီကို ပြန်ရောက်ပြီမို့ အရမ်းပျော်ပါတယ်။ ဒီးကို ဝန်းရံပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ အတွက် ဆုကြီးကြီး မယူပေးနိုင်ခဲ့လို့ အားနာပါတယ်။ ဒီးကို ဝန်းရံပေးကြလို့ အရမ်း ကျေးဇူးတင်ပါတယ်။ ဒီး ထပ်ပြီးတော့ အကောင်းဆုံး ကြိုးစားပါဦးမယ် ” လို့ Miss Supranational Myanmar 2024 အလှမယ် ဒီး ကပြောပါတယ်။

သူမကတော့ ပိုလန်နိုင်ငံမှာ ဇူလိုင် ၇ ရက်နေ့က Miss Suparanational 2024 Final Show ကိုဝင်ရောက် ယှဥ်ပြိုင်ခဲ့တာ လည်းဖြစ်ပြီး Miss Influencer Award Title ဆုနဲ့ Top 25 အထိသာ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အလှမယ် ဒီးက ဇူလိုင် ၈ ရက် ည ၁၂ နာရီက ပြည်ပနိုင်ငံကနေ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ပိုလန်မှာကျင်းပတဲ့ ပြိုင်ပွဲကြီးမှာတော့ နိုင်ငံပေါင်း ၆၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဒီးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ယခင် အလှမယ်တွေ ပြိုင်ပွဲသွားရောက်ချိန်မှာ သူမအနေနဲ့ အားပေးကြမယ့် Fans တွေနဲ့ ပရိသတ်တွေကို Talent ပိုင်းတွေကို Surprise ဖြစ်စေမယ့် အရာတွေ ချပြဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ အလှမယ်ဒီးရဲ့ ချစ် ပရိသတ်တွေကလည်း ဒီး ဆုတစ်ခုခု သိမ်းပိုက်ဆွတ်ခူးနိုင်မယ်လို့ မျှော်မှန်းထားကြတာလည်း ဖြစ်ပါတယ်။

အလှမယ် ဒီးက အမျိုးသမီးတိုင်း ဒုတိယအကြိမ် အခွင့်အရေး(Second chance)နဲ့ ထိုက်တန်ကြောင်း ဥပမာတစ်ခုအနေနဲ့ စံနမူနာပြချင်တဲ့အနေနဲ့ မယ်စကြဝဠာ ၂၀၂၃ ပြိုင်ပွဲမှာ “မော်လမြိုင်” ကိုယ်စားပြု အလှမယ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Universe Myanmar 2023 1st Runner Up ဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နဲ့လွိုင်ကော်လေဆိပ်ကို အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေ