စစ်သွေးကြွ MNDAA နဲ့ အပေါင်းအပါများက လားရှိုးမြို့တွင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၃) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိ

စစ်သွေးကြွ MNDAA နဲ့ အပေါင်းအပါများက လားရှိုးမြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ (၁၀)ရက် နံနက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၃) ဘူတာရုံသံလမ်းဘေးသို့ ရှော့တိုက်ဒုံး နှစ်လုံးကျ သဖြင့် စစ်သွေးကြွ MNDAA နဲ့ အပေါင်းအပါများ က ပစ်ခတ်သည့် လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းသို့ စစ်သွေးကြွများ၏ လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား ကလေး (၁)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းအပြင် လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ (၁)၊ ပါရမီလမ်းတွင် လည်း စစ်သွေးကြွများ ပစ်ခတ်သည့် လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှုတွင် လူ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဇူလိုင်လ (၃)ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်သွေးကြွများက လားရှိုးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂၀)ဦးခန့် သေဆုံးခဲ့ပြီဖြစ်ပြီး ဒဏ်ရာရရှိသူ (၃၄)ဦး ရှိပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ‘ကြင်ဖော်’ဇာတ်လမ်းတွဲ ကန်တော့ပွဲ အခမ်းအနား ကျင်းပ
Next post (၁၀-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ