‘ကြင်ဖော်’ဇာတ်လမ်းတွဲ ကန်တော့ပွဲ အခမ်းအနား ကျင်းပ

‘HEY Play မှ ထပ်မံရိုက်ကူးတင်ဆက်သွားဦးမယ့် ❝ကြင်ဖော်❞ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ဇူလိုင်လ ၉ရက်၊ အင်္ဂါနေ့ ၊ နံနက် (၈)နာရီ၊ ကျိုက္ကဆံဘုရားမှာ ပြုလုပ်ခဲ့ကြပါတယ်။

‘ ကြင်ဖော် ‘ ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ပြည့်ဖြိုးခိုင် (PPN) က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး နုပညာရှင်များ ဖြစ်ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်, နော်ဖောအယ်ထား, ဝေလာရီ, မေပန်းချီ, နက္ခတ်, နေလင်းရှိန်း, နေထွဋ် , မှူးထိပ် ထား , ဆုမြတ်နိုးဇင် , ဧည့်သည်သရုပ်ဆောင် စိုင်းစည်တွမ်ခမ်း နှင့် အခြားသော အနုပညာရှင်များက ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

❝ကြင်ဖော်❞ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်း အခမ်းအနားကို တက်ရောက်လာခဲ့သော အနုပညာရှင်များ၏ ပုံရိပ်များကို DBN ပရိသတ်ကြီးတွေအတွက် မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Special Account ရှိ အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ် ဖြေကြား
Next post စစ်သွေးကြွ MNDAA နဲ့ အပေါင်းအပါများက လားရှိုးမြို့တွင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၃) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိ