လယ်တောထဲလာရောက်သည့် လက်နက်မဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးကို အုတ်ဖိုPDF ချောင်းမြောင်းပစ်ခတ်

င်ဆိုင်တဲ့လယ်တောဆီလာရောက်တဲ့ လက်နက်မဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို ဒီနေ့မနက်မှာ အုတ်ဖို PDF အဖွဲ့က ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး “ဦးချစ်ကို” ဟာ သူပိုင်ဆိုင်တဲ့ လယ်ထဲ လာရောက်ချိန် ဒီမနက် ၁၀ နာရီခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF တွေက စောင့်ကြိုပစ်ခတ်သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။

“ဦးချစ်ကို” ဟာ အုပ်ချုပ်ရေးမှူးတာဝန်က နုတ်ထွက်ထားတယ် သတင်းလွှင့်ပြီး တပ်မတော်ထံ PDF တွေ အချက်အလက် ထောက်​လှမ်း​သတင်းပို့တာ၊ စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေးကောက်ခံနေတာကြောင့် သတ်ဖြတ်တာလို့လည်း အုတ်ဖို PDF က ဆင်ခြေပေးပါတယ်။

ပဲခူးတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေကို အဓိကထားသတ်ဖြတ်နေကြပြီး လူရာဂဏန်းလောက်အထိ ပဲခူး PDF တွေက သတ်ဖြတ်နေပေမဲ့ ဖမ်းမိမှုနည်းပါးသလို နွေဦးတော်လှန်ရေး သုံးနှစ်ကျော်မှာလည်း PDF တွေက”ဒလန်၊ သူလျှို၊ သတင်းပေး၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်သူ”စွပ်စွဲချက်နဲ့ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးနဲ့ NLD ပါတီဝင်မဟုတ်သူ စုစုပေါင်း ၈၀၀၀ ကျော်အထိ သတ်ဖြတ်ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post CaCa Taxi App မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့သော အကယ်ဒမီ ချိုပြုံး၊ မြေးဖြစ်သူ သန့်သီရိမိုး
Next post (၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်