(၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဒုဥက္ကဋ္ဌ တရုတ်နိုင်ငံတွင် ကျင်းပသည့် SCO ဖိုရမ်သို တက်ရောက်မိန့်ခွန်းပြော

၂။ နစက ဒုဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက် အမျိုးသားကော်မတီဥက္ကဋ္ဌ တို တရုတ်နိုင်ငံ ချင်းတောင်မြိုတွင် တွေ့ဆုံ

၃။ ပြည်တွင်းရှိ ဘဏ်များ ပုံမှန်လည်ပတ်လျက်ရှိပြီး ငွေကြေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဟုဆို

၄။ ဇူလိုင် (၇) ရက် တစ်ရက်တည်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ (၄၄) ဦးအထိရှိဟု MOHS ထုတ်ပြန်

၅။ ရွေးကောက်ပွဲကျင်းပနိုင်ရေး အသင့်အနေအထားဖြစ်အောင် ဆောင်ရွက်နေ

၆။ မကွေးမြိုနယ် ယင်းဆိပ်တံတားတွင် အကြမ်းဖက်များထံ ပိုဆောင်မည့် ယူနီဖောင်းများနှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ

၇။ လားရှိးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်မည့်ကားများ တန်းစီစောင့်ဆိုင်းနေရ၊ ကားခများလည်း ဈေးအဆမတန် မြင့်တက်

၈။ ဇူလိုင်လ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၇၄,၈၄၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၈၅ ကျပ်၊ Octane 95 – ၂၈၁၅ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၉၁၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဂါဇာတွင် ကုလသမဂ္ဂက ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို အစ္စရေးက တိုက်ခိုက်သဖြင့် လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း ဟားမာ့စ် ပြောကြား

၂။ တရုတ်ရဲ့ရန်စမှုတွေကို တုံပြန်နိုင်အောင် ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မယ့် စာချုပ်အသစ်ချုပ်ဆို

၃။ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မှာဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် အက်တယ် သတင်းထုတ်ပြန်

၄။ ဂိုလန်ကုန်းမြင့်ပေါ်က ဟာမန်တောင်ကုန်းကို ဟစ်ဘိုလာတွေ ဒရုန်းနဲ့တိုက်ခိုက်

၅။ အိန္ဒိယနိုင်ငံ၊ ပူရီမြို၌ ကျင်းပသော ဆုတောင်းဝတ်ပြုသူ သန်းနှင့်ချီ၍တက်ရောက်သည့် ပွဲတော်၌ လူတစ်ဦးအသက်ရှုကျပ်သေဆုံး၊ လူ ၃၀၀ ကျော် မူးမေ့သတိလစ်

၆။ ယူကရိန်းအတွက် F-16 တွေ မကြာခင်ပိုပေးတော့မယ်လို နယ်သာလန်ပြော

အားကစားသတင်းများ

၁။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၃)ပွဲတွင် နိုင်ငံခြားသား ကစားသမား(၂)ဦးနှင့် မြန်မာကစားသမား(၁)ဦး အကောင်းဆုံးကစားသမားဆု ရရှိ

၂။ ပြည်တွင်း ပွဲစဉ် (၂)ပွဲထိုးပြီးမှသာ ONE တွင် ခြေချနိုင်ဖွယ်ရှိသည့် မန်းသား ဖိုက်တာ ကျော်စွာဝင်း

၃။ Myanmar National League 2024/ 2025 Week(1) နောက်ဆုံးပွဲစဉ်အဖြစ် အား/ကာသိပ္ပံ အသင်းနှင့် မဟာယူနိုက်တက်အသင်းတို ယှဉ်ပြိုင်

၄။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှ အနားယူတော့မယ့် လီဗာပူး ကွင်းလယ်လူဟောင်း သီယာဂို

၅။ ဂျာမနီကနေ ထွက်ခွာချိန် ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တဲ့ ပေါ်တူဂီအသင်း

အနုပညာသတင်းများ

၁။ ချစ်သူနဲ့အတူ Pre Wedding ပုံလေးနဲ့ ပရိသတ်ကို Surprise တိုက်ခဲ့တဲ့ ရတနာမိုင်

၂။ အချစ်ဟာသဇာတ်လမ်းပုံစံ “ရွှေကြည်ငွေကြည် ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပခဲ့

၃။ ဝင်းမင်းသန်းတို စုံတွဲကိုမြင်ရတာ ကြည်နူးပြီးတော့ အားကျမိတယ်ဆိုတဲ့ မထက်(Pop Soul)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လယ်တောထဲလာရောက်သည့် လက်နက်မဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးကို အုတ်ဖိုPDF ချောင်းမြောင်းပစ်ခတ်
Next post နစက ဒုဥက္ကဋ္ဌ တရုတ်နိုင်ငံတွင် ကျင်းပသည့် SCO ဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြော