မိုးမြတ်သူဇာ တိုင်းရင်းသား ၁၃၅ မျိုး ဝတ်စုံ ဆိုင်ဖွင့်ပွဲ အနုပညာရှင်တွေ တက်ရောက်ဖွင့်လှစ်ခဲ့

တိုင်းရင်းသား ၁၃၅ မျိုးဝတ်စုံနဲ့ တိုင်းရင်းသား ပိုးထည်၊ ချည်ထည် ဖြန့်ချိရောင်းချပေးလျှက်ရှိတဲ့ “Moe Myat Thuzar သုံးဆိုင်မြောက် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင် ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး (စကော့ စျေး) အရှေ့ဘက်မျက်နှာစာ အမှတ် (၆၆) မှာဖွင့်လှစ်ခဲ့ပါတယ်။

“ဒီဆိုင်မှာဆိုရင် တိုင်းရင်းသား ၁၃၅ မျိုးရဲ့ ဝတ်စုံတွေကို တစ်နေရာတည်းမှာ ရမှာပါ။ တိုင်းရင်းသား ဝတ်စုံတွေကို ညီမ ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တယ်။ မြတ်နိုးတန်ဖိုးထားတဲ့အတွက် အခုလိုမျိုး ရောင်းချဖြစ်တာလည်း ပါပါတယ်။ ညီမက မြန်မာပြည်အနှံ့ကနေ ပစ္စည်းတွေကိုမှာယူပြီး ထုတ်လုပ်တယ်။ တိုင်းရင်းသား ၁၃၅ မျိူးရဲ့ ဝတ်စုံတွေကို တကယ့်ကို ရိုးရာလက်ရာ အတိုင်း ရရှိနိုင်ပါတယ်။ ရှားပါးတဲ့ တိုင်းရင်းသားပစ္စည်းတွေက အစ ဒီမှာရှိတယ်။ ညီမတို့က တိုင်းရင်းသား ဝတ်စုံတွေကို ပစ္စည်းအရည်အသွေးပိုင်းကအစ အသေးစိတ် ဂရုစိုက်ပေးထားပါတယ်”လို့ Moe Myat Thuzar ဆိုင် တည်ထောင်သူ မမိုးမြတ်သူဇာက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ သရုပ်ဆောင် ဦးဝင်းမြိုင်၊ မမများအဖွဲ့က သရုပ်ဆောင် လုံးတင်၊ သရုပ်ဆောင် သူဇာပွင့်၊ သရုပ်ဆောင် ဇာခြည်လွင်၊ သရုပ်ဆောင် သီင်္ဂီမြင့်တို့ အစရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီဆိုင်မှာတော့ ကချင်၊ ကယား ၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ လီဆူ အစရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးရဲ့ ဝတ်စုံတွေ အပြင် အာဆီယံဝတ်စုံ၊ရိုးရာဝတ်စုံ၊ မင်္ဂလာဝတ်စုံတို့ပါ ရရှိနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နောက်ဆက်တွဲထပ်ထွက်ဖို့ရှိသေးတဲ့ Telugu ရုပ်ရှင် Kalki 2898 AD
Next post (၈-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ