“အဆင်မပြေတဲ့ ခဏ” သီချင်းလေးမှာ ဆယ်ကျော်သက် ကောင်မလေးပုံစံ ကြိုးစားဖန်တီးထားတယ်ဆိုတဲ့ နီနီခင်ဇော်

ဂီတပိုင်းမှာ ပရိသတ်နဲ့ ရင်ဘတ်ချင်းထိအောင် သီချင်းတွေ အမြဲတမ်းဖန်တီးပေးတတ်တဲ့ တေးသံရှင် နီနီခင်ဇော်က “ အဆင်မပြေတဲ့ ခဏ” သီချင်းလေးမှာ ဆယ်ကျော်သက်ကောင်မလေးပုံစံနဲ့ ကြိုးစားဖန်တီးထားခဲ့တယ်လို့ ဆိုပါတယ်။

“ အဆင်မပြေတဲ့ ခဏ” သီချင်းလေးက ရန်ဖြစ်ထားတဲ့အတွဲလေးတွေအတွက် ဆိုဖြစ်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်ပြီး ပြန်ချော့ကြတဲ့ပုံစံလေးပါ။ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် ပုံစံနဲ့ ဆိုထားကြတာပါ။ ဒီလို ပုံစံလေးက နီနီမဆိုဖြစ်တာ ကြာပြီလေ။ တကယ်တော့ ကိုယ်ကတော့ ဆယ်ကျော်ကို ၃ခါလောက် ကျော်ပြီးပါပြီ။ ၂ လပိုင်းလောက် ကတည်းက ရိုက်ကူးထားတာပါ။ ဒီကြားထဲမှာ မထွက်ဖြစ်တာပါ။ Pro Production လုပ်နေတာနဲ့ နည်းနည်းကြာသွားတယ်။

နီနီကတော့ မောင်လေးအုပ်စိုးခန့်တို့ နောက် Generation အသစ်တွေနဲ့ သီချင်းတွေအများကြီး ဖန်တီးချင်တယ်။ နီနီရဲ့ ဆရာသမားတွေကလည်း သီချင်းလေး ဖန်တီးချင်တယ်။ အမြဲတမ်း လေ့လာဆည်းပူးနေရတယ်။ ပရိသတ်တွေ ချစ်ခင်အားပေးလို့လည်း နီနီကြိုးစားရတဲ့ အားတွေပိုရှိလာတယ် ပြောလို့ရပါတယ်” လို့ တေးသံရှင် နီနီခင်ဇော်က ပြောပါတယ်။ “အဆင်မပြေတဲ့ ခဏ” သီချင်းမှာ Featuring အနေနဲ့ အုပ်စိုးခန့်က ပါဝင်သီဆိုထားသလို ပါဝင်သရုပ်ဆောင်ပေးထား တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို လုပ်ဆောင်သွားမည်ဟု နစက  ဥက္ကဋ္ဌ ပြောကြား
Next post ဌာနဆိုင်ရာအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရေး အလေးထား ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ မှာကြား