Agency အသေးစားဘဏ်ကို စစ်သွေးကြွ PDF (၆)ဦးမှ ငွေကျပ်သိန်း (၆၀၀)ခန့် ဓားပြတိုက်သွား

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ Denko ဆီဆိုင်အတွင်းရှိ Agency အသေးစား ဘဏ်ကို စစ်သွေးကြွ PDF (၆)ဦးမှ သေနတ်ပြကာ ငွေကျပ်သိန်း (၆၀၀)ခန့် ဓားပြတိုက်သွားကြောင်း သိရပါတယ်။

ယနေ့ ဇူလိုင်လ (၅)ရက် နံနက် (၁၁)နာရီ (၄၅)မိနစ်အချိန်က ပုသိမ်ကြီးမြို့နယ် နန်းဦးကျေးရွာ၊ (၂၆)လမ်းနှင့် မြို့ပတ်လမ်း ထောင့်ရှိ Denko(နန်းဦးလွင်)ဆီဆိုင်အတွင်းရှိ Agency အသေးစားဘဏ်တွင် ဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးရှိနေစဉ် PDF (၆)ဦးသည် ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။

ယင်းနောက် အဆိုပါ PDF (၆)ဦးသည် သေနတ်အတို (၂)လက်ဖြင့် အသေးစားဘဏ်ရှိ ဝန်ထမ်း (၂)ဦးကို ခြိမ်း ခြောက်ကာ ဘဏ်အတွင်းရှိ ငွေကျပ်သိန်း (၆၀၀)ခန့်ကို ယူဆောင်သွားကြောင်း CCTV မှတ်တမ်းအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” တေးတစ္ဆေ ” Musical Drama Series ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
Next post (၅-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ