
” တေးတစ္ဆေ ” Musical Drama Series ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
Hey Play ရဲ့ Original Series ဖြစ်တဲ့ ” တေးတစ္ဆေ ” Musical Drama Series ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ (၄) ရက်နေ့ ညနေပိုင်းက Melia Hotel , Inya Ballroom , Level (1) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ပါဝင်ထားသော အနုပညာရှင်များစွာ နဲ့အတူ အခြားသော အနုပညာရှင်များကလည်း တက်ရောက်ခဲ့ကြပါတယ်။
ဇာတ်လမ်း အကယ်ဒမီ ညိုမင်းလွင်
ဇာတ်ညွှန်း ဝင်းမြင့်ဦး၊ ဆူးခက်မင်း
ဒါရိုက်တာ ကိုသားညီ ပုံဖော်ရိုက်ကူးထားပြီး ထက်ယံ
အုပ်စိုးခန့်
နေထွဋ်
Jason Ace
ALADIN
အေးမြဖြူ
မေလသံစဉ်
အမရာဘုဏ်း
ယွန်း
ဆုလှိုင် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့
HEY Play ရဲ့
Original Series တစ်ခုဖြစ်တဲ့
တေးတစ္ဆေ
ဇာတ်လမ်းတွဲ ကို
ဇူလိုင်လ ၉ ရက်နေ့မှစတင်ပြီး အပတ်စဉ် (အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး) နေ့တိုင်း HEY Play application နှင့် HEY Play YouTube channel များတွင် ထုတ်လွှင့်ပြသသွားမည်လို့ သိရပါတယ်။






More Stories
အလှူငွေကောက်ခံရရှိငွေ ကျပ်သိန်းတစ်သောင်းကျော်ကို ထိရောက်စွာ ကူညီပေးသွားမည့် ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေက လက်ရှိ အလှူငွေကောက်ခံရရှိငွေ ကျပ်သိန်းတစ်သောင်းကျော်ကို မတ်လ ၃၁ ရက်မှာ ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးကြတဲ့ စစ်ကိုင်း၊ မန္တလေးဘက်ကို ရောက်စွာကူညီပေးသွားမယ်လို့ ဆိုပါတယ်။ “မင်္ဂလာပါရှင်။ သဘာဝဘေးအတွက် အလှုငွေ သိန်းတစ်သောင်းခန့် ရရှိထားပါတယ်ရှင်။ စစ်ကိုင်း၊...
အဆိုတော် ဂျေညီညီ ဒီမနက် ကွယ်လွန်
နိုင်ငံကျော် အဆိုတော် ဂျေညီညီဟာ ဒီမနက် ၄ နာရီခွဲက ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။အဆိုတော် ဂျေညီညီဟာ ကွယ်လွန်ချိန်မှာ ၇၂ နှစ်အရွယ်လို့ ဂီတလောကသားတွေကပြောကြပြီး သူကွယ်လွန်တာကလည်း လူကြီးရောဂါလို့ပဲ ဆိုကြပါတယ်။ ဂျေညီညီလို ဂီတလောကမှာ ဆယ်စုနှစ် ၄ စု၊...
သင်္ကြန်နောက်ခံ ဟာသဇာတ်မြူးလေး “သင်္ကြန်ရင်ခွင် ” Mahar Application မှာ ထုတ်လွှင့်ပြသမည်
Mahar Application မှာတော့ “သင်္ကြန်ရင်ခွင် ” လို့ နာမည်ပေးထားတဲ့ ဇာတ်လမ်းကို ဧပြီလ (၃၀) ရက်နေ့မှာ HD Qulity နဲ့ ထုတ်လွှင့်တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဝတ္ထုဇာတ်လမ်းကို ညီဆောင်းဦးက ခံစားရေးဖွဲ့ထားကာ...
ကင်း ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ
ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် ကျော်ထက်ဇော် , တေဇလင်းရောင် , ဘုန်းမင်းနေလ , ရဲလှိုင် , ဝင်းခန့်မိုး , အကယ်ဒမီများရှင် ချိုပြုံး @ မေချို , အကယ်ဒမီ...
“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆုရမည်ဟု ခန့်မှန်းနေကြ
၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင်သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။"သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာမကျွတ်မလွတ်ဘဲရှိနေသည့်အငြိမ့်မင်းသမီးဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ်ဘိလိပ်ပြန်ပညာတတ်သူဌေးသမီးမြစမ်းကြည်ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။"သဘင်သည်မြနှင်းဆီ" ဇာတ်ကားကြီးကို...
တေးရေးဆရာ ကဗျာဆရာနိုင်မြန်မာရဲ့ နောက်ဆုံးခရီး မြင်ကွင်း
ကမ္ဘာမကြေဘူး သီချင်းရဲ့ တေးရေးဆရာ ကဗျာဆရာ နိုင်မြန်မာကို ယနေ့ ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်အရိုးဂူသွင်းခဲ့ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၈...