CANAL+ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ခေါင်မိုးမဲ့အိမ် ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကျင်းပ

CANAL+ Myanmar ရဲ့ ကိုယ်ပိုင်ဖန်တီးမှုဖြစ်တဲ့ မိသားစုဒရာမာဇာတ်လမ်းပုံစံ “ခေါင်မိုးမဲ့အိမ်” ဇာတ်လမ်းတွဲ စာနယ်ဇင်း မိတ်ဆက်ပွဲကို ယနေ့ ဇွန်လ ၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Kan Thar Yar Shopping Mall ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းပိုင်းကို အေးကြည်သာဟန် ၊ ကျော်ကျော်ထွန်း၊ သန္တာဝေ နဲ့ အေးမြတ်ချိုတို့က ရေးသားပြီးတော့ ဒါရိုက်တာ ပြည်သစ်နိုင်က တင်းမာနေတဲ့ မိသားစုဆက်ဆံရေးကြားကမိသားစုဒရာမာဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ နေထက်လင်း၊ အကယ်ဒမီ သူထူးစံ၊ ဟိန်းရတု၊ သာထက်ဉာဏ်ဇော်၊ ဆက်ယွန်းတွယ်တာ၊ နေဝင်းနဲ့ အခြားသရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။

မိနစ် ၃၀ စာအပိုင်း ၃၀ ပါဝင်ထားတဲ့ “ခေါင်မိုးမဲ့အိမ်” ဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာနေ့‌ကနေ သောကြာနေ့အထိ ညစဥ် ၇ နာရီခွဲမှာ CANAL Zat Lenn ရုပ်သံလိုင်းနဲ့ CANAL+ App တို့မှာပြသသွား မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၃-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ