(၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ပဒေသာကပွဲ အခမ်းအနားသို့ တက်ရောက်အားပေး
၂။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
၃။ ပါတီတွင်း ပုဂ္ဂိုလ်ရေးအဆင်မပြေမှုကစပြီး အထက်အောက်အမိန့်နာခံမှု အားနည်းလာတာတွေကို အဆုံးသတ် ပြီး ပါတီအောင်နိုင်ရေးအတွက် အထူးကြိုးစားကြရန် ဦးခင်ရီ တိုက်တွန်း
၄။ မြစ်ကြီးနားရေ ဒီနေ့မနက် တစ်ပေခန့် ပြန်ကျ၊ ကချင် ပြည်နယ်မှာ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဟု မိုးဇလ ထုတ်ပြန်ထား
၅။ ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီမှတ်ပုံတင်ခွင့်ကို UEC ငြင်းပယ်
၆။ မန္တလေးနှင့် တာချီလိတ်တွင် အွန်လိုင်းလောင်းကစားလုပ်သူ မြန်မာ (၁၂)ဦးနှင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ် (၂၉၅)ဦးဖမ်းမိ
၇။ ရေတာရှည်မြို့နယ်မှာ အရပ်သားတစ်ဦးကို PDF က လည်လှီးသတ်ဖြတ်
၈။ ဇူလိုင်လ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၄၉၀,၉၂၉ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၅၅ ကျပ်၊ Octane 95 – ၂၇၉၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၂၈၉၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ISIS တွေ တစ်ကျော့ပြန်လာမှာမို့ 9/11 လို ဖြစ်ရပ်ဆိုးတွေ ထပ်လာမယ်လို့ CIA အကြီးအကဲဟောင်း သတိပေး
၂။ ဥရောပအခြေစိုက်တပ်ဖွဲ့တွေအတွက် အမေရိကန်က လုံခြုံရေးအဆင့် ဒုတိယအမြင့်ဆုံးတပ်လှန့်နှိုးဆော်
၃။ စစ်အေးတိုက်ပွဲကာလက ပိတ်ပင်ထားတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့ ရုရှားပြော
၄။ ဂါဇာစီးတီးရှိ ရှူဂျိုင်ယာခရိုင်၌ လေးရက်မြောက်နေ့တွင် ပြင်းထန်သော တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစ္စရေးစစ်သားများသည် ခက်ခဲသောတိုက်ပွဲကို တိုက်ခိုက်နေရသည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုပြောကြား
၅။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် မော်တော်ယာဉ်တစ်စီးက လမ်းသွားလမ်းလာများအား ဝင်တိုက်ခဲ့ရာ ကိုးဦး သေဆုံး
၆။ တရားရုံးချုပ်မှသမ္မတကို အမှုကင်းလွတ်ခွင့်ဆုံးဖြတ်ချက်သည် အန္တရာယ်များသော ထုံးတမ်းအစဉ်အလာ တစ်ခုဟု ဂျိုးဘိုင်ဒင်ဝေဖန်
အားကစားသတင်းများ
၁။ အိန္ဒိယ လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲစဉ်ကစားရန် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်
၂။ ရိုမေးနီးယားကို သက်တောင့်သက်သာဖြင့် အနိုင်ရရှိကာ ကွာတားကို တက်ရောက်နိုင်ခဲ့တဲ့ နယ်သာလန်
၃။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု အပြင်းထန်ဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ကိုပါအမေရိကကို နှုတ်ဆက်လိုက်ရတဲ့ ယူအက်စ်အေ
၄။ ရူးလောက်တဲ့ပမာဏရရင်တော့ ဆော်ဒီသွားဖို့ စဉ်းစားမယ်-ဒီဘရိုင်းနား
၅။ ပင်နယ်တီလွဲချော်လို့ ငိုကြွေးခဲ့တဲ့ ရော်နယ်လ်ဒိုအတွက် ဝမ်းသာနေတဲ့ ကိုး ပါလ်မာ
အနုပညာသတင်းများ
၁။ အဆိုတော်ဖြိုးကြီးနဲ့အတူ ငယ်ဘဝကို ပြန်ရောက်သွားစေမယ့် 360 Degree Concert ကို Sky Star Hotel ၌ ဇူလိုင် ၅ ရက်တွင် ကျင်းပမည်
၂။ မိသားစုဒရာမာဇာတ်လမ်းပုံစံ “ခေါင်မိုးမဲ့အိမ်” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်
၃။ “လှတောသားကွ ဖျားသွားမယ်”ရုပ်ရှင်ဇာတ်ကားမှာ အကြိုက်ဆုံးမင်းသား ကိုကျော်ရဲအောင်နဲ့ တွဲရိုက်ကူးခွင့်ရလို ပညာလည်းရပြီး အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဆိုတဲ့ ဗညားဟန်