ချစ်ဇနီးရဲ့ မွေးနေ့မှာ အလှူအတန်းလုပ်ရင်း ဘေးနားကနေ ပါရမီဖြည့်ပေးခဲ့တဲ့ နေတိုး
မင်္ဂလာပါ DBN ပရိသတ်ကြီးရေ…အကယ်ဒမီ မင်းသားချောနေတိုးကတော့ အနုပညာလောကမှာ သာမက ပရိသတ်များကပါ အားကျလောက်အောင် ချစ်ဇနီးမယား၊ သားလေးနှင့်အတူ ပျော်ရွှင်စရာကောင်းသော မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ပြီး မိသားစုတဖက်မှာလည်း ပရိသတ်တွေကို ပျော်ရွှင်စေဖို့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၁)ရက်နေ့မှာကျရောက်ခဲ့တဲ့ နေတိုးရဲ့ချစ်ဇနီး သဲစုမြတ်ရွှေရဲမွေးနေ့လေးမှာ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သော ပုံရိပ်များကို ဒီနေ့မှာ ပြည်သူချစ် အနုပညာရှင် နေတိုးရဲ့ချစ်ဇနီးက ချပြလာတာပဲ ဖြစ်ပါတယ်။ “ဒီနှစ် သဲသဲရဲ့ မွေးနေ့လေးမှာ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တွင် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ဆေးပဒေသာပင် ၊ သင်္ကန်းပရိက္ခရာ၊ နဝကမ္မ အလှူ ၊ ဓမ္မဒါနအလှူ နှင့် ကျောင်းဆောက်လုပ်ရန်အတွက် လှူဒါန်းမှု အလှူပြီးမြောက်ခဲ့ပါတယ်ရှင့်🙏🙏🙏, ပြုသမျှ ကုသိုလ် ကောင်းမှုအစုစုတို့ကို (၇) ရက်သားသမီးအားလုံး ထပ်တူရရှိကြပါစေ…🩵ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာက မျှဝေလာတာ ဖြစ်ပါတယ်။
မင်းသာချော အကယ်ဒမီ နေတိုး ကတော့ အချစ်ရဆုံး ချစ်ဇနီလေးရဲ့ မွေနေ့မှာ အလှူအတန်းတွေ အတူတူလုပ်ပေးရင်း နံဘေးကနေ ပါရမီဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးတို့ မိသားစုလေး အမြဲတမ်း ထာဝရပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။