ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့ အဆိုတော် စန္ဒီမြင့်လွင်

အခုရက်ပိုင်းမှာ ထုတ်လွှင့်ပြသနေသော The Mark Singer Season 2 ရဲ့ Judge တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူ သရုပ်ဆောင်ပိုင်းကတစ်ဆင့် ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒုတိယကိုယ်ဝန် လွယ်ထားရပြီလို့ ပရိသတ်ကို အသိ‌ပေးလာပါတယ်။

သမီးဖြစ်သူ ချစ်စရာအလွန်ကောင်းပြီး ငယ်စဉ်ကလေးဘဝကတည်းကပင် ပရိသတ်တွေရဲ့ အားပေးမှုရရှိနေသော သမီးလေး ထရက်ရှာအတွက် ကိုယ်ဝန်ဆောင်ပေးခွင့်ရသည်ကို “မမကြီးဖြစ်ချင်တဲ့ ထရက်ရှာ့အတွက် Happy Sunday To you all “လို့ အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။ “ထရက်ရှာလေးအတွက် ဘေဘီလေးတစ်ယောက် ဖွားဖွားအတွက် မြေး တစ်ယောက်တိုးပြီ။ မမကြီးလိုပဲ လာခြင်းကောင်းသောမြေးလိမ္မာလေးဖြစ်ပါစေ” လို့အဆိုတော်စန္ဒီမြင့်လွင် မိခင်က ပြောပါတယ်။

သူမကတော့ လက်ရှိ ကိုယ်ဝန် ၁၂ ပတ်ရှိတဲ့ ပုံလေးနဲ့တကွ ပရိသတ်ကို မိသားစုလိုက် ပျော်ရွှင်စွာချပြလာခဲ့တာပါ။ အဆိုပါ Post လေးရဲ့အောက်မှာတော့ ” ရေး…. Congratulations အားကျရတဲ့ မိသားစုလေးပါ ဒီးဒီရေ ဂုဏ်ယူပါတယ်ရှင့် ၊ မမထရက်ရှာလေး အရမ်းပျော်နေမှာ ၊ ဟယ် ပျော်စရာကြီး ၊ ပျော်စရာကြီး ဝမ်းသာလိုက်တာ သမီးလေး အဖော်ရပြီး ၊ သားလေးရရရင်တော့ ပြီးပြည့်စုံသွားပြီ” စတာတွေ အနုပညာရှင်တွေနဲ့ ပရိသတ်တွေက Comment မှာပြောလာကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ တီဟီရန်မြို့၌ သီးသန့်တွေ့ဆုံ