မင်းသား ဗီဂျေး အသက် ၅၀ ပြည့်ပြီ

ဒီနေ့ ဇွန် ၂၂ ရက်က အိန္ဒိယတောင်ပိုင်း တမိလ် မင်းသား ဗီဂျေးရဲ့ အသက် ၅၀ ပြည့် မွေးနေ့ပါ။ တောင်ပိုင်းမှာ ဗီဂျေးနံမည်နဲ့ မင်းသား ဒါဇင်ဝက်မက ရှိပြီး ဒီနေ့ မွေးနေ့ရှင် ဗီဂျေးအကြီးကတော့ နံမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ပါတယ်။

ဗီဂျေးအကြီးဟာ တောင်ပိုင်းမင်းသားတွေထဲ အရမ်းအနေအေးပြီး အရိုးဆုံးစတားလို့တောင်ပြောလို့ရပြီး ပရိသတ်တွေက လည်း ဗီဂျေးဆို သဲသဲလှုပ်ချစ်ကြတာပါ။ ဗီဂျေးက မကြာခဏ လူမျိုးဘာသာမရွေး ဆင်းရဲသားမိသားစုဝင်ထောင်ချီကို အလှူဒါန လုပ်လေ့ရှိပါတယ်။

မကြာခင်က ဗီဂျေး ကိုယ်တိုင် ကွင်းဆင်းပြီး အလှူလာလုပ်ရာမှာ လူထောင်နဲချီပြီးတော့ လာတန်းစီကြပါတယ်။ အဲ့ထဲမှာ တချို့ကတော့ ဗီဂျေးလှူတဲ့ ပစ္စည်းနဲ့ ငွေတွေကို လိုချင်တာမို့ လာတန်းစီတာမဟုတ်ပဲ သူတို့ချစ်ရတဲ့အိုင်ဒေါလ် ဗီဂျေးကို အနီးကပ်မြင်ရပြီး ဓါတ်ပုံရိုက်ဖို့ပါ။ သူတို့လိုချင်တာလည်းရကော ဗီဂျေးပေးတာတွေ မယူပဲ ပျော်ပျော်ကြီး ကခုန် ထွက်သွားကြတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုံပိတ်ကားပေါ်မှာမြင်တွေ့ကြရတော့မယ့် သဘင်သည် မြနှင်းဆီ ရဲ့ Beginning Story
Next post (၂၂-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ