ရုံပိတ်ကားပေါ်မှာမြင်တွေ့ကြရတော့မယ့် သဘင်သည် မြနှင်းဆီ ရဲ့ Beginning Story
ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့ နှစ်ပေါင်းများစွာမကျွတ်မလွတ်ဘဲရှိနေတဲ့ အငြိမ့်မင်းသမီးသရဲအကြောင်း ရိုက်ကူး ထားတဲ့ ” သဘင်သည်မြနှင်းဆီ ” ရုပ်သံဇာတ်လမ်းတွဲကြီးရဲ့ Prequel ရုပ်ရှင်ဖြစ်တဲ့ ” သဘင်သည်မြနှင်းဆီ – The Beginning ” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ ရုံပိတ်ကားပေါ်မှာ ခံစားကြည့်ရှုကြရတော့မှာပဲ ဖြစ်ပါတယ် ။
ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မြနှင်းဆီ တစ်ယောက် အငြိမ့်မင်းသမီး ဘယ်လိုဖြစ်လာခဲ့လဲဆိုတဲ့အကြောင်းကို သေချာသိကြရတော့မှာဖြစ်ပြီး သူမရဲ့ငယ်ဘဝ ၊ သူမရဲ့မိသားစု ၊ သိပ်ကိုရက်စက်ကြမ်းတမ်းလှတဲ့ သူမရဲ့မေမေ အကြောင်းကို သေချာကြည့်ရှုခံစားကြရတော့မှာပါ။
” သဘင်သည် မြနှင်းဆီ “ကို ရုံပိတ်ကားထက်မှာ ခံစားကြည့်ရှုချင်တဲ့ ချစ်သောပရိသတ်တွေရဲ့ဆန္ဒ တကယ်ဖြစ်လာအောင် အခွင့်အရေးပေးခဲ့တဲ့ ဆင်ဆာလူကြီးမင်းတွေအားလုံးနဲ့ လေးစားရပါသော ရုပ်ရှင်ရုံပိုင်ရှင်များအားလုံးကို ကျေးဇူးအထူးတင် ရှိပါတယ်လို့ ဝိုင်းတော်သားများက ဆုတောင်းပေးထားပါတယ်။ ၂၀၂၄ ဩဂုတ်လအတွင်းမှာ သဘင်သည်မြနှင်းဆီ တစ်ယောက် ရုံပိတ်ကားထက်မှာ အလှပဆုံးဖူးပွင့်ပါတော့မယ် …