ဝင်ငွေအမြင့်ဆုံး Monster Verse ရုပ်ရှင် Godzilla x Kong: The New Empire

ယခုနှစ်ထဲမှာ ရုံတင်ပြသခဲ့တဲ့ Legendary Pictures နဲ့ Warner Bros. တို့ရဲ့ Monster Verse ရုပ်ရှင် Godzilla x Kong: The New Empire ဟာ စံချိန်သစ်တစ်ခုချိုးခဲ့ပြီဖြစ်ပါတယ်။

ယခုနှစ် မတ်လ ၂၉ ရက်နေ့က စတင်ရုံတင်ပြသခဲ့တဲ့ Godzilla x Kong: The New Empire ဟာ ထွက်ရှိခဲ့သမျှ Monster Verse ရုပ်ရှင်ငါးကားစလုံးမှာ ဝင်ငွေအမြင့်ဆုံး Monster Verse ရုပ်ရှင်အဖြစ် မှတ်တမ်းတင်သွားခဲ့တာဖြစ်ပြီး မြောက်အမေရိကဒေသတွင်းရုံတင်ငွေ ကန်ဒေါ်လာ ၁၉၆.၃ သန်းကျော် နဲ့ နိုင်ငံတကာရုံတင်ငွေ ကန်ဒေါ်လာ ၃၇၃.၇ သန်းကျော် စုစုပေါင်း ကန်ဒေါ်လာ ၅၆၈.၆ သန်းကျော်အထိ ရုံတင်ငွေရရှိခဲ့တာဖြစ်ပါတယ်။

ကနဦးက Monster Verse မှာ ၂၀၁၇ ရုပ်ရှင် Kong: Skull Island က ကန်ဒေါ်လာ ၅၆၁ သန်းကျော်နဲ့ ဝင်ငွေအများဆုံး Monster Verse ရုပ်ရှင်အဖြစ် နေရာယူခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ Godzilla x Kong: The New Empire က စံချိန်ချိုးချခဲ့တာပါ။

ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၁၃၅ သန်းသာ အသုံးပြုထားတဲ့ Godzilla × Kong: The New Empire ကို Terry Rossio, Simon Barrett နဲ့ Jeremy Slater တို့က ဇာတ်လမ်းရေးသားပေးခဲ့တာဖြစ်ပြီး ယခင် Godzilla vs Kong ဒါရိုက်တာ Adam Wingard က ဆက်လက်ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

Godzilla × Kong: The New Empire မှာ Godzilla နဲ့ Kong က အဖွဲ့ကျကာ Skar King ဆိုတဲ့ မျောက်ဝံသဏ္ဌာန် တိုက်တန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး Skull Island နဲ့ Hollow Earth အကြောင်းကို ပိုမိုနက်ဆဲစွာတွေ့မြင်ရမှာပါ။

Rebecca Hall, Brian Tyree Henry နဲ့ Kaylee Hottie တို့ကလည်း Dr. Illene Andrews, Bernie Hayes နဲ့ Jia တို့အဖြစ် Godzilla × Kong: The New Empire မှာ ပြန်လည်ပါဝင်ထားသလို Dan Stevens, Fala Chen, Alex Ferns နဲ့ Rachel House တို့လည်း ပါဝင်ထားကြပါတယ်။ လက်ရှိမှာ Godzilla× Kong: The New Empire ကို vod စနစ်နဲ့ ပြသနေပါတယ်။

Godzilla × Kong: The New Empire အပြီးမှာ Legendary Pictures ဟာ Godzilla နဲ့ Kong ရုပ်ရှင်သစ်ကို ဆက်လက် ထုတ်လုပ်သွားဦးမှာဖြစ်ပြီး အဆိုပါရုပ်ရှင်ကို I Am Mother ဒါရိုက်တာ Grant Sputore က တာဝန်ယူရိုက်ကူးပေးသွားမှာ ဖြစ်သလို Marvel ရုပ်ရှင် Shang-Chi and the Legend of the Ten Rings ရဲ့ ဇာတ်ညွှန်းဆရာ Dave Callaham က ရေးသားပေးသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကြေညာခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိ
Next post (၁၁-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ