၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကြေညာခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိ

ဇွန်လ ၁၁ ရက်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ယနေ့(ဇွန် ၁၁ ရက်) နံနက်အစောပိုင်းက ကြေညာခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူပေါင်း ၇၄၅၉၂ ဦးရှိသည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား တိုင်းနှင့်ပြည်နယ်အလိုက်မှာ ထုတ်ပြန်ပေးလျက်ရှိနေပြီး (သိပ္ပံတွဲ)(ဝိပ္ပံတွဲ)နှင့် (ဝိဇ္ဇာတွဲ) အမှတ်အများဆုံး ရရှိသူများစာရင်းကိုလည်း တစ်ပြိုင်တည်း ထုတ်ပြန်ပါတယ်။

ယင်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူအဖြစ် ကပက(EC)တာမွေမှ မောင်မင်းခန့်ဗိုလ်က အမှတ်ပေါင်း ၅၅၇ မှတ်ဖြင့်ရရှိခဲ့ကြောင်း သိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဧပြီနှင့်မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကိုလည်း ဖြေဆိုခဲ့သည့် စာစစ်ဌာနများအလိုက် ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဝင်ငွေအမြင့်ဆုံး Monster Verse ရုပ်ရှင် Godzilla x Kong: The New Empire