(၁၁-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၁-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာမည်

၂။ ယခုမိုးရာသီ၌ တစ်နိုင်ငံလုံးတွင် အပင်ပေါင်း (၂၁) သန်းကျော် စိုက်ပျိုးရန်ဝန်ကြီးဌာနပြင်ဆင်နေ

၃။ YGEA ၏ တာဝန်ရှိသူများကို SAC က ခေါ်ယူစစ်ဆေးပြီးနောက် ယနေ့တွင် သတ်မှတ်ရည်ညွှန်းရွှေဈေး ကျပ် ၄၆ သိန်းခွဲကျော်သို လျှော့ချသတ်မှတ်လာ

၄။ လှိုင်သာယာ – နဝဒေး ဓာတ်အားလှိုင်း အပြစ်ဖြစ်ပေါ်သဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)နှင့် အနောက်ပိုင်း၊ ရွှေလင်ပန်း၊ မရမ်းကုန်း၊ ကမာရွတ်နှင့် လှိုင်မြို့နယ်များ၌ ဓာတ်အားပြတ်တောက်နေကြောင်း YESC ထုတ်ပြန်

၅။ မေလအတွင်း လယ်ယာထွက်ကုန် ပဲမျိုးစုံ ပြည်ပတင်ပို့မှု လျာထားချက် ကျော်လွန်ခဲ့

၆။ လာမည့် ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ရခိုင်မှာ မိုးကြီးမယ်

၇။ မိုးညှင်းမြိုနယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

၈။ ဇွန်လ ၁၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၅၅,၀၄၇ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၅ ကျပ်၊ Octane 95 – ၂၆၁၅ ကျပ်၊ Diesel – ၂၃၀၅ ကျပ်၊ Premium Diesel – ၂၃၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ချင်းမိုင်မြို့ဟာ အာဆီယံရဲ့ ဒစ်ဂျစ်တယ်ဗဟိုချက်မ ဖြစ်လာနိုင်ကြောင်း ဆရက်ထာပြော

၂။ F-16 Block 70 ဂျက်တိုက်လေယာဉ်အသစ် အစင်း ၄၀ တူရကီကိုရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု

၃။နေတန်ရာဟုရဲ့စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ကနေအစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းဘန်နီဂန့်ဇ်နှုတ်ထွက်

၄။ အိန္ဒိယနိုင်ငံတွင် ဘုရားဖူးများသယ်ဆောင်လာသည့် ဘတ်စ်ကားအား အကြမ်းဖက်များက ပစ်ခတ်၍ ချောက်နက်အတွင်းကျကာ လူကိုးဦးသေဆုံး၊ ၃၃ ဦးဒဏ်ရာရ

၅။ အိန္ဒိယဝန်ကြီးချုပ်အဖြစ် မိုဒီ ကျမ်းသစ္စာကျိန်ဆို

၆။ လော်စပီကာလှည့်အော်တာနဲ့ လက်ကမ်းစာစောင်ကြဲချတဲ့အပေါ် တောင်ကိုရီးယားကို မြောက်ကိုရီးယား သတိပေး

အားကစားသတင်းများ

၁။ MMA ပွဲစဉ်တစ်ခုတွင် ပွဲဦးထွက် အနိုင်ရရှိထားသည့် ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာ မွေထိုင်းဖိုက်တာကို ဒိုင်ပွဲရပ်ဖြင့် ထပ်မံအနိုင်ရ

၂။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် လမ်းခွဲ

၃။ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ဒဏ်ရာပြဿနာစိုးရိမ်မှု ပပျောက်ကင်းစင်သွားတဲ့ အမ်ဘာပေ

၄။ အိုက်စလန်ကို ရှုံးနိမ့်ခဲ့ခြင်းက အင်္ဂလန်အတွက် သတိပေးလှုပ်နှိုးလိုက်သလိုဖြစ်စေတယ်လို့ ထောက်ပြလာတဲ့ ဟယ်ရီကိန်း

၅။ ယူရိုပြိုင်ပွဲအတွက် အီတလီက အသင်းကောင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်နေတဲ့ စပယ်လက်တီ

အနုပညာသတင်းများ

၁။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားတွေရဲ့ သားသ္မီးတွေကို ပညာသင်စရိတ်ထောက်ပံ့ဖိုအတွက် အနုပညာလောက က ဝိုင်းဝန်းလှူဒါန်းနေ

၂။ “ဂျပန်က ပရိသတ်တွေက ဘာသာစကားတွေမတူကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ ချစ်ဖိုလည်းကောင်းပါတယ်”ဆိုတဲ့ အုပ်စိုးခန့်

၃။ ဒါရိုက်တာ ဟိန်းစိုး ဦးစီးတဲ့ သရုပ်ဆောင်နဲ့ ဒါရိုက်တာသင်တန်းကျောင်းက သင်တန်းဆင်းပွဲ ကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ပြန်လည်ပိုဆောင်
Next post ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကြေညာခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိ