(၁၁)ကြိမ်မြောက် Miss Universe Myanmar 2024 Crown ကို လိပ်ပြာပျံနေသည့် ဒီဇိုင်းဖြင့် ပုံဖော်ထား

(၁၁) ကြိမ်မြောက်ကျင်းပမည့် Miss Universe Myanmar 2024 Grand Final Night ပြိုင်ပွဲကြီးကို ယနေ့ ဇွန်လ(၇)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ Yangon Convention Center (YCC)၌ Door Closed ပြုလုပ်၍ ကျင်းပသွားမည်ဖြစ်သည်။

MUM ပြိုင်ပွဲကြီးတွင် Official Voting Partner အဖြစ်ပါဝင်ထားသော Bigo Live Myanmar application တွင် မိမိကြိုက် နှစ်သက်သော အလှမယ်အား ဝင်ရောက်မဲပေးနိုင်ပြီး Voting စနစ်ဖြင့် မဲအများဆုံးရရှိသူသည် Top 6 သို့ အလိုအလျောက် ဝင်ရောက်သွားမည်ဖြစ်သည်။ “BIGO Live Myanmar” မှ “Official Voting Partner ” အဖြစ် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ဆုကြေးငွေ(၁၀)သိန်းကျပ်နှင့်အတူ “Miss Popular by BIGO ” Title Award ကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

အခမ်းအနားတွင် အစီအစဉ်တင်ဆက်သူများအဖြစ် ဆန်းထွဋ်နှင့် သရုပ်ဆောင် ချာလီ တို့က တာဝန်ယူဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး Special Performers များအဖြစ် VitaShine မှ ပါဝင်တင်ဆက်ပေးသွားမည် ဖြစ်သည်။

MUM သက်တမ်းတစ်လျှောက်တွင် ပြိုင်ပွဲဝင်မြို့အများဆုံး ပြိုင်သည့်နှစ်ဖြစ်သည့်အတွက် (၁၁)ကြိမ်မြောက် Miss Universe Myanmar Crown ကို နေရာဒေသအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များအား ကိုယ်စားပြုသည့် အနေဖြင့် အရောင်အသွေးစုံလင်လှပစွာ ပျံဝဲနေကြတဲ့ လိပ်ပြာလေးများနှင့်တင်စားကာ လိပ်ပြာပျံနေသည့် ဒီဇိုင်းဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်ဟု သိရသည်။ ယခုနှစ်အတွက် Crown ကိုတော့ Official Crown Sponsor အဖြစ် Sein Nan Taw Diamonds & Fine Jewelry မှ ပံ့ပိုးကူညီပေးထားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မခင်မျိုးဌေး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ