မူလလက်ဟောင်းပရိသတ်များ ကျနော်ပျောက်နေရင် telegram မှာ ရှာပါဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် က Facebook စာမျက်နှာထက်တွေမှာ မတွေ့ခဲ့ရင် Telegram မှာ သူရှိမှာဖြစ်တဲ့ အတွက်ဆက်သွယ်ဖို့ အသိပေးလာပါတယ်။

“ကျနော်တို့ ဒီမှာ မဆက်သွယ်ဖြစ်ကြရင် ဒီအောက်က နေရာတွေမှာ ကျနော်ရှိနေပါမယ်။”ဆိုပြီး ရေးသားထားသလို “မူလ လက်ဟောင်းပရိသတ်များ ကျနော်ပျောက်နေရင် telegram မှာ ရှာပါခင်ဗျာ။” လို့လည်း သတင်းကောင်းအနေနဲ့ ရေးသား ထားခဲ့တာဖြစ်ပါတယ်။Telegram channel မှာလည်း Hello Everyone Welcome to Sai Sai’s world ….ကျနော့်ရဲ့ အနုပညာကိစ္စတွေ အတွက်ပဲ အသုံးပြုမယ့် Channel ဖြစ်ပါတယ်..Jion ထားတဲ့ Member တွေ အားလုံး မင်္ဂလာပါဆိုပြီး ပရိသတ်တွေကို ဖိတ်ခေါ်ထားတာလည်း ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် က ယခုနောက်ပိုင်း ပရိသတ်များ နဲ့ ယခင်ထက်ပိုနွေးထွေးစွာ ဆက်သွယ်စကားပြောလာပြီး မကြာသေးခင်က တစ်ကျော့ပြန်ပွဲဦးထွက် ဇာတ်လမ်းတွဲ”မှော်ဝင်ဖိတ်စာ”နဲ့ ပရိသတ်ဆီ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၃-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ