(၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရွှေတိဂုံစေတီတော်တွင် Pagoda Digital Directory Station ၆ ခုအထိ ဖွင့်လှစ်ပေးခဲ့ရာ ကြည့်ရှုလေ့လာသူ များပြားနေ

၂။ ကျောင်းအပ်နှံရေးသီတင်းပတ် ယနေ့ နောက်ဆုံးရက်အထိ ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးရှိ

၃။ ရွှေလုပ်ငန်းရှင် (၅၀) ဝန်းကျင်ကို ခေါ်ယူစစ်ဆေးပြီးနောက် ရွှေဈေးပြန်ထိုးကျ

၄။ မင်းကင်းမြိုတွင် အင်အား ၅ ဒသမ ၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ဟု မိုးဇလထုတ်ပြန်

၅။ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူရာမှ နောက်ကွယ်မှခိုင်းစေသူ ၁၀ ဦး စစ်ဆေးပေါ်ပေါက်

၆။ ကွမ်းယာရောင်းနေသည့် ရာအိမ်မှူးအား PDF ၂ ဦးက ပစ်ခတ်သတ်ဖြတ်မှု လှိင်သာယာတွင် ဖြစ်ပွား

၇။ ရေဖြူတွင် အိမ်စီးကားနှင့်လာသည့် တပ်မတော်အရာရှိမိသားစုကို PDF နှစ်ဖွဲပေါင်းပြီး ပစ်ခတ်သတ်ဖြတ်

၈။ ဇွန်လ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၁၄၀,၂၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၆၅ ကျပ်၊ Octane 95 – ၂၆၆၅ ကျပ်၊ Diesel – ၂၃၃၀ ကျပ်၊ Premium Diesel – ၂၃၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တရုတ်နှင့် စစ်ပွဲဖြစ်အံ့ဆဲဆဲအခြေအနေ မဟုတ်သကဲ့သို မရှောင်လွှနိုင်သည့်အခြေအနေလည်း မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား

၂။ ထိုင်ဝမ် လွတ်လပ်ရေးကို အင်အားသုံးပြီးတားဆီးရန် တရုတ်စစ်တပ်က အဆင်သင့်ပြင်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး သတိပေး

၃။ ဂေါတမဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗနီ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားပြု ဗုဒ္ဓကျောင်းတော် ဆောက်လုပ်လှူဒါန်းရန် ရှိတ်ဟာစီနာ စီစဉ်

၄။ မြောက်ကိုရီးယားက အမှိက်များပါသည့် မိုးပျံပူဖောင်း အလုံးရေ ၆၀၀ ခန့်ကို နယ်စပ်ဒေသအပေါ်သို ထပ်မံလွှတ်တင်

၅။ ပြင်သစ်၏ စစ်သင်တန်းပိုချသည့် ပထမအုပ်စုသည် ယူကရိန်းစစ်မြေပြင်တွင် ဖြန့်ကြက်ရန်ပြင်ဆင်နေ

၆။ အိန္ဒိယရဲ့ ရွေးကောက်ပွဲကြီးအပြီး မဲရုံအထွက် စစ်တမ်းတွေအရ ဝန်ကြီးချုပ် မိုဒီ တတိယသက်တမ်းအတွက် အနိုင်ရဖို ရှိနေဟု ဆို

အားကစားသတင်းများ

၁။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းက ဗီယက်နမ်နှင့် ဇူလိုင် ၁၈ ရက် စတင်ယှဥ်ပြိုင်မည်

၂။ အမျိုးသမီး၊ အမျိုးသား လူငယ် ယူ-၁၅ လိဂ်ပြိုင်ပွဲများနှင့် သက်တမ်းအလိုက် လူငယ်ဘောလုံး ပြိုင်ပွဲများ နှစ်စဉ်ကျင်းပမည်

၃။ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တဲ့ ဒေါ့မွန်ကို နှစ်ဂိုးပြတ်သွင်းပြီး ၁၅ ကြိမ်မြောက် ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ချန်ပီယံလိဂ်ဘုရင် ရီးရဲ

၄။ အာဆင်နယ်ကိုငြင်းဆန်ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်သို့သာပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဇူဘီမန်ဒီ

၅။ ဖီးလစ်ကိုအငှားနောက်တစ်ကြိမ်ခေါ်ယူဖို့ လုပ်ဆောင်လာတဲ့ ဘာစီလိုနာ

အနုပညာသတင်းများ

၁။ ပိုင်တံခွန်၊ မိုးဟေကိုတို တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တဲ့ မန်းရွှေလီစိန်ရွှေရတနာဒုတိယမြောက်ဆိုင်ဖွင့်လှစ်

၂။ တောင်ကြီးမှာ ကားမှောက်ခဲ့ပေမယ့် ကျန်းမာဘေးကင်းစွာနဲ့ အိမ်ပြန်ရောက်နေပါပြီဆိုတဲ့ ခင်လှိင်တို မိသားစု

၃။ (G)I-DLE ရဲ့အဖွဲဝင် ဂျောင်ဆိုယွန်း ကျန်းမာရေးကြောင့် အနုပညာလှုပ်ရှားမှုများ အားလုံးယာယီရပ်ဆိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ် ဖြစ်အောင် ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ
Next post မူလလက်ဟောင်းပရိသတ်များ ကျနော်ပျောက်နေရင် telegram မှာ ရှာပါဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်