Miss Universe Myanmar 2024 National Costume ဆု Yangon South အလှမယ် ဟန်လေး ရရှိ

Miss Universe Myanmar 2024 National Costume ပြိုင်ပွဲမှာ The Best Miss National Costume Winner ဆု ကို Yangon South အလှမယ် ဟန်လေးက “တိုင်းနေ မဟေသီ ” ဝတ်စုံဖြင့် ရရှိခဲ့ပါတယ်။ အဆိုပါ အမျိုးသားဝတ်စုံပြိုင်ပွဲကို မေလ ၂၈ ရက် ညနေပိုင်းမှာ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းက အလှမယ် ၅၂ ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင် ၅ ဦးအဖြစ် Yangon East အလှမယ် ဇင်မိုးပြည့်၊ Yangon South အလှမယ် ဟန်လေး၊ Yangon North အလှမယ် သက်ဆန်အန်ဒါဆန်၊ Keng Tung အလှမယ် နန်းတစ် နှင့် Mawlamyine အလှမယ် အိမ့်မြတ်ခြယ် တို့ ရွေးချယ်ခံခဲ့ရပါတယ်။

ပွဲကို ကြွရောက်ချီးမြှင့်ကြတဲ့ ဧည့်သည်တွေက မဲပေးရွေးချယ်တဲ့ People Choice Award ကိုလည်း ချီးမြှင့်ပေးခဲ့ပြီး အဆိုပါ ဆုကို Tachileik အလှမယ် နန်းလောင်ဝ်လျန်း မှ ရရှိခဲ့ပါတယ်။ Miss Universe Myanmar 2024 ရဲ့ Grand Final ပွဲကို တော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ကျင်းပသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post G-9 အောင်ပြီးသူများ သမဝါယမစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းသို့ တက်ရောက်နိုင်
Next post (၂၉-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ