G-9 အောင်ပြီးသူများ သမဝါယမစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းသို့ တက်ရောက်နိုင်

အခြေခံပညာစနစ်သစ် Grade-9 အောင်မြင်ပြီးသူများအနေနဲ့ သမဝါယမစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းမှာ အထက်တန်းပညာရေးနှင့် စာရင်းကိုင်သက်မွေးပညာကို တွဲဖက်သင်ကြားရန် တက်ရောက်နိုင်ကြောင်း သိရပါတယ်။

မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ် တို့ရှိ သင်တန်းကျောင်းများမှာ ၃ နှစ်တာ တက်ရောက်ရမှာ ဖြစ်ပြီး လာမယ့်ဇွန်လ ၁၇ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ အခြေခံပညာစနစ်သစ် Grade-9 အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကာ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင် မရှိသူ (လူပျို/အပျို)နှင့် သင်တန်းမှချမှတ်ထားသော စည်းမျဥ်း/စည်းကမ်းများကို လိုက်နာနိုင်သူတွေအနေနဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ရမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက Certificate in Business Accounting(စီးပွားရေးစာရင်းကိုင်ပညာ) အောင်လက်မှတ်ကိုရရှိမည့်အပြင် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီပါက သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းတက်ရောက်လျှောက်ထားလိုသူများအနေဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး)၊(မကွေး)၊(မန္တလေး)၊(ပုသိမ်)၊ (မော်လမြိုင်) တို့မှာ လျှောက်လွှာများ ဝယ်ယူနိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၁ စောင်၊ လိုင်စင်ဓာတ်ပုံ ၃ ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းနှင့် ပညာအရည်အချင်းထောက်ခံစာမူရင်းတို့ကို ပူးတွဲတင်ပြကာ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Miss Universe Myanmar 2024 National Costume ဆု Yangon South အလှမယ် ဟန်လေး ရရှိ