MGI 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ မဟုတ်ကြောင်း MGI organization တရားဝင် ကြေညာ

Miss Grand International 2024 ကို မြန်မာနိုင်ငံတွင် ကျင်းပတော့မည်မဟုတ်ကြောင်း Miss Grand International အဖွဲအစည်းက တရားဝင် ကြေညာလိုက်ပြီး လာမယ့် အောက်တိုဘာလမှာ အိမ်ရှင်နိုင်ငံက ဘယ်နိူင်ငံဖြစ်မလဲဆိုတာ စောင့်မျှော်ရမှာပါဆိုပြီး MGI organization page ကနေ မနေ့က တရားဝင်ကြေငြာချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကြေညာချက်နှင့်ပတ်သက်ပြီး “ဆုံးရှုံးမှုတွေ အများကြီး။ ငွေကြေးတွေများစွာ သိန်းကို ထောင်လတ်အပိုင်းထိရော အပါအဝင် ကြားထဲက စွန့်လွတ်ခဲ့တာပါ။ လုပ်ငန်းရှင်များလည်း ခဏစောင့်ပေးပါ။ အဆင်ပြေအောင် ရှင်းပေးပါ့မယ်ဗျ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို အားလုံး သဘောကျနိုင်ပါစေ”လို့ Miss Grand Myanmar ရဲ့ National Director ထူးအံ့လွင်က ပရိသတ်သိအောင်ပြောလာပါတယ်။

၂၀၂၄ ခုနှစ်အတွက် Miss Grand International ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပခဲ့တဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ တရားဝင်ကြေညာခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ၂၀၂၄ ခုနှစ်အတွက် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအနေနဲ့ ကျင်းပသွားမယ်လို့ မြန်မာအလံနဲ့တကွ ဂုဏ်ယူဝံ့ကြွားစွာ National Director ထူးအံ့လွင်က ပရိသတ်ကို ချပြခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွေးနေ့မှာ သိန်း (၁,၅၀၀) ကျော်တန် ကားတစ်စီးအပါအဝင် ချစ်ရတဲ့သူတွေ ပေးတဲ့လက်ဆောင်ရရှိခဲ့တဲ့ ထူးအောင်
Next post (၂၄-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်