(၂၄-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၄-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏စစ်ရေးအင်အားသုံးသပ်ချက်တွင် မြန်မာနိုင်ငံက အဆင့် ၃၅ သို တိုးမြင့်လာ

၂။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-1 မှ Grade -12 အထိ အတန်းများအားလုံး စတင်ကျောင်းအပ်နှံ

၃။ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်

၄။ (၁၃) နှစ်ကြာ ရပ်တန့်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့်ပတ်သက်သည့် ဦးဆောင်အဖွဲဖွဲစည်း

၅။ ကွန်တိန်နာစနစ်ဖြင့် ရန်ကုန်- ကော့သောင်း လမ်းကြောင်းမှ ပိုကုန်တင်ပိုရန် ဒေါ်လာ(၄) သန်း‌ကျော်တန်ဖိုးရှိ ပိုကုန်လိုင်စင် (၁၄)စောင်ခွင့်ပြုခဲ့

၆။ ဘင်္ဂါလီများ၏ နေအိမ်ကို မီးရှိဖျက်ဆီးနေသည့်အပြင် သတ်ဖြတ်လုယက်မှုပါ ကျုးလွန်နေသော AA ကို ရှုတ်ချကြောင်း နိုင်ငံတကာရှိဘင်္ဂါလီအဖွဲအစည်း ၃၀ ခန့် ကြေညာ

၇။ ပြည်ခိုင်ဖြိုးပါတီဝင်ဟုဆိုသည့် ရဲတပ်ဖွဲဟောင်းတစ်ဦးကို ဒလန်စွပ်စွဲကာ ကျိုက်ထို KRF ယမန်နေ့ပစ်သတ်

၈။ မေလ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၆၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၂၅ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၄၅ ကျပ်၊ Premium Diesel – ၂၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထိုင်ဝမ်သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းကို တုံပြန်သွားမည်ဟု တရုတ် သတိပေး

၂။ တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တုံပြန်သည့်အနေဖြင့် ထိုင်ဝမ်က ဂျက်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ကာ စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ကို တပ်လှန့်ထား

၃။ အစိုးရဝန်ကြီး ခန့်အပ်မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထာဝီဆင်းအား ရာထူးမှဖယ်ရှားရန် အထက်လွှတ်တော်အမတ်များ၏ တိုင်ကြားလွှာကို ထိုင်းဖွဲစည်းပုံခုံရုံး လက်ခံ

၄။ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပေးဖို အချိန်ကောင်းမဟုတ်သေးဘူးလို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော

၅။ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေး မေလ ၂၆ မှ ၂၇ အထိ ဆိုးလ်မှာ ပြုလုပ်မယ်

၆။ ချေချင်းညာခေါင်းဆောင်က ပူတင်နဲ့ တွေ့ဆုံပြီး ယူကရိန်းစစ်ပွဲအတွက် တပ်ဖွဲဝင်တွေ ထပ်လွှတ်ပေးဖို အသင့်ရှိကြောင်း ပြောဆို

အားကစားသတင်းများ

၁။ MNL League Cup 2024 ဆီမီးဖိုင်နယ်ပွဲစဉ်များကစား တော့မည်

၂။ မြန်မာ့ကာယဗလ အားကစားအဖွဲ ရွှေတံဆိပ်သုံးခုနှင့် ငွေတံဆိပ်သုံးခု ရရှိခဲ့

၃။ MNL ကစားသမားများအနေဖြင့် လုပ်ပွဲကစားပါက ရာသက်ပန်ထုတ်ပယ်သည်အထိအရေးယူခံမည့်အပြင် လောင်းကစားဥပဒေဖြင့်ပါ အရေးယူခံရမည်

၄။ ဘာစီလိုနာအသင်းဟာ ဇာဗီနဲ့ လမ်းခွဲပြီးရင် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်စီဖလစ်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သိရ

၅။ အတ္တလန္တာက သံသယဖြစ်ဖွယ်မရှိ ယူရိုပါလိဂ်ချန်ပီယံဖြစ်ပါတယ်လို့ ကြွေးကြော်လိုက်တဲ့ ဂတ်စ်ပါရီနီ

အနုပညာသတင်းများ

၁။ Miss Grand International 2024 ကို မြန်မာနိုင်ငံတွင် ကျင်းပတော့မည်မဟုတ်ဘဲ အိမ်ရှင်နိုင်ငံကို ထပ်မံကြေညာမည်ဟုဆို

၂။ ရည်းစားထားရင် ဘယ်တော့မှ မစဉ်းစားဘူး သူများယောက်ျားမဖြစ်ရင် ပြီးတာပဲဆိုတဲ့ ချယ်ရီသင်း

၃။ Comedy Drama သဘာဝကျကျဇာတ်လမ်းပုံစံ “ကင်း” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MGI 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ မဟုတ်ကြောင်း MGI organization တရားဝင် ကြေညာ
Next post ထားဝယ်အထူးစီးပွားဇုန်အတွက် စိတ်ဝင်စားမှုစာချွန်လွှာ မကြာမီ လက်မှတ်ထိုးမယ်