ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ် အတ္တလန္တာအသင်း ဆွတ်ခူး

ဒီတစ်ရာသီလုံး ပွဲစဥ် ၅၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ လေဗာကူဆင်အသင်းကို ဒဗ္ဗလင်မြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ အတ္တလန္တာက ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး လေဗာကူဆင်အသင်းရဲ့ ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

အတ္တလန္တာအတွက် နိုင်ဂျီးရီးယားတောင်ပံကစားသမား လွတ်ခ်မန်းက ဟက်ထရစ် သွင်းပေးခဲ့တာဖြစ်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အတ္တလန္တာဟာ အသင်းသမိုင်းမှာ ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ၆၁ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်မှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဘီးလင်းမြို့နယ်ရှိ တံတားတစ်စင်းအား PDF အကြမ်းဖက် ပူးပေါင်း အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး