(၂၃-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၃-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နှင့်ဇနီး ၂၀၂၄ ခုနှစ် ၊ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားများသို ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

၂။ ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်နှင့်အခြားဘုရားစေတီများတွင် ဘုရာဖူးလာသူများနှင့် ကဆုန်ညောင်ရေသွန်းကုသိုလ်ပြုသူ များပြား

၃။ မန္တလေးမြို လေးပြင်လေးရပ်ရှိ သံဃာအပါး ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကျင်းပ

၄။ ကဆုန်လပြည့်နေ့တွင် မန္တလေးမြိုရှိ မဟာမုနိဘုရားကြီးနှင့် မြိုတွင်းရှိ အထင်ကရ ဘုရားများတွင်လည်း ဘုရားဖူးသူများဖြင့် စည်ကားခဲ့

၅။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို အားကောင်းလာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

၆။ ယခုနှစ်အတွင်းကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် မြန်မာနှင့် ရုရှားနိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ပေးမည့် သဘောတူစာချုပ်ချုပ်ဆိုမည်

၇။ မရမ်းကုန်းမြိုနယ်ရှိ 33kv စိန်ပန်းမြိုင်-ကမ္ဘာအေး ဓာတ်အားတိုင်ကို YBS တစ်စီးမှဝင်တိုက်မိသဖြင့် ရပ်ကွက်(၅)ခု လျှပ်စစ်ဓာတ်အားပြတ်တောက်

၈။ မေလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၈၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၂၅ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၄၅ ကျပ်၊ Premium Diesel – ၂၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဂါဇာကမ်းမြောင်၌ အစ္စရေးလုပ်ဆောင်နေသော စစ်ဆင်ရေးသည် လူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

၂။ စစ်ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေ၏လျှောက်ထားမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ပယ်ချ

၃။ စင်္ကာပူခရီးသည်တင် လေယာဉ် ပြင်းထန်လေထုမငြိမ်မသက်ဖြစ်မှုနှင့် ရင်ဆိုင်ရပြီး လူ(၁)ဦး သေဆုံးကာ ဘန်ကောက်လေဆိပ်၌ အရေးပေါ်ဆင်းသက်ခဲ့ရ

၄။ ဘင်္ဂလားဒေရှ့ကာကွယ်ရေးဦးစီးချုပ်ဟောင်းကို အမေရိကန်အစိုးရ အမည်ပျက်စာရင်းသွင်း

၅။ ရုရှားစစ်တပ်က ယူကရိန်းအနီးမှာ နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှုတွေကို စတင်ပြုလုပ်

၆။ အီရန်နဲ့ဆက်ဆံရေးကို ပိုမိုအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို တရုတ်အစိုးရပြော

အားကစားသတင်းများ

၁။ လူငယ်ဘောလုံး ဖွံဖြိုးရေး၊ အကယ်ဒမီနှင့် လူငယ်ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ရေး MFF နှင့် JFA MOU (၃)နှစ်ရေးထိုး

၂။ ဒီနှစ်ရာသီအတွက် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာက ဆွတ်ခူးသွားခဲ့

၃။ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီး ယူရိုပြိုင်ပွဲကြီးအတွက် အဆင်သင့်ဖြစ်နေတဲ့ ဟယ်ရီကိန်း

၄။ မန်စီးတီးနှင့်အတူ ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုဖလား ရရှိပြီးနောက် ကလပ်ကနေ ထွက်ခွာဖို့ ရှိနေတဲ့ အီဒါဆန်

၅။ ဖလားသုံးလုံး ရှုးပွဲမရှိဆွတ်ခူးပြီး သမိုင်းတစ်လျှောက်ဂုဏ်သိက္ခာအကြီးဆုံးအသင်းဖြစ်လာဖို အတ္တလန်တာနဲ့ စီးချင်းထိုးမဲ့ လေဗာကူဆင်

အနုပညာသတင်းများ

၁။ အရှင်ဥတ္တမစာသင်တိုက်က သံဃာတော်တွေကို မွေးနေ့ကုသိုလ် အလှူငွေ ဆပ်ကပ်လှူဒါန်းခဲ့တဲ့ မမဆောင်း

၂။ ဟားငါးကောင်အဖွဲက လူရွှင်တော်ဝိုင်းကျော် အသည်းခြောက်ရောဂါဖြင့် မဲဆောက်တွင် သေဆုံး

၃။ အမေရိကန်မင်းသမီး စကားလက်ဂျွန်ဆန် က OpenAI chatbot ဟာ သူမရဲ့အသံကို တုထားတယ်လို ဆို

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွှေတိဂုံဘုရားမှာ ညောင်ရေသွန်းကုသိုယ်ယူကြသော မယ်စကြာဝဠာမြန်မာ ၂၀၂၄ ပြိုင်ပွဲဝင်အလှမယ်လေးများ
Next post ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ် အတ္တလန္တာအသင်း ဆွတ်ခူး