အဆိုတော် လေးဖြူရဲ့ အသက် ၅၉ နှစ်ပြည့် မွေးနေ့ကို ဆရာတော်ကြီးတွေပင့်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့

Rock တေးသီချင်းတွေကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းထိခဲ့တဲ့ အဆိုတော်လေးဖြူရဲ့ အသက် ၅၉ နှစ်ပြည့်မွေးနေ့ကို မေလ ၁၉ ရက်နေ့က ဆရာတော်ကြီးတွေပင့်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

“ဒီနေ့ဟာ စိတ်ကောင်းရှိပြီး ဘဝကိုရိုးရှင်းစွာ နေထိုင်ကျော်ဖြတ်နေတဲ့ ဦးလေးဖြူရဲ့မွေးနေ့ပါ။ ဘဝခဏ နေထိုင်ဖြတ်သန်း ရခိုက်မှာ မိမိကြောင့် တစ်ပါးသူထိခိုက်နစ်နာမှုမရှိအောင်နေထိုင်ခြင်းဟာ အပြစ်ကင်းသော ဘဝရှင်သန်နေထိုင်မှုပါ” လို့ ဓမ္မဂုဏ်ရည် ရွှေပြည်သာကျောင်းမှာ တပည့်တစ်ဦးက ပရိသတ်သိအောင်ပြောလာပါတယ်။

သူဟာ မေလ ၁၉ ရက်မှာ ကျရာက်တဲ့ အသက် ၅၉ နှစ်ပြည့်မွေးနေ့မှာ ကျောက်ပန်းတောင်း တိပိဋက ဆရာတော်၊ မြင်းမူတိပိဋက ဆရာတော် ဦးပညာသိရီလင်္ကာရ၊ တိပိဋကဓရ ဦးသေဌ ဉာဏာလင်္ကာရ၊ တိပိဋကဓရ ဦးဝိစိတ္တသာရ အပါအဝင် ပိဋကတ်နှစ်ပုံခွဲအောင် ဆရာတော်တစ်ပါး စတဲ့ပရိယတ္တိဝန်ဆောင် ဆရာတော် ၆ ပါးကိုပင့်ပြီး နေ့ဆွမ်းဆက်ကပ်ကာ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုတော်လေးဖြူမိသားစု ဆောက်လုပ်လှူဒါန်းထားတဲ့ သုံးထပ်သိမ်ကျောင်းတော် အမိုးပြုပြင်ဖို့အတွက်လည်း ဝတ္ထုငွေများလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် သူဟာ သိမ်၊ ကျောင်း၊ သိမ်မြေ၊ မော်တော်ယာဥ်တို့ကို လှူဒါန်း ထားတာလည်းဖြစ်ပါတယ်။ ယခင်နှစ်တွေကတော့ အဆိုတော်လေးဖြူရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ တေးသီချင်းတွေ ဖျော်ဖြေပွဲတွေလည်း ကျင်းပခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၁-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ