(၂၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံမှ တာဝန်ရှိသူတိုဆွေးနွေး

၂။ မြန်မာနိုင်ငံတွင် ပထမဆုံးဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဓာတ်အားခွဲရုံစီမံကိန်း လာမည့် ဒီဇင်ဘာလတွင် ရာခိုင်နှုန်းပြည့်ပြီးစီးမည်

၃။ ကျုံအိတ်တံတားကို မိုးမကျခင် သံဘေလီတံတားဖြင့် အစားထိုး တည်ဆောက်မည်

၄။ မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ထားသည့် ကိုရီးယား CJ ကုမ္ပဏီက တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်ထုတ်လုပ်ရောင်းချမှုကို ခေတ္တရပ်နားမည်ဟု ကြေညာ

၅။ ခြိမ်းခြောက်သံပေးခံထားရသော ရန်ကုန် – မန္တလေးအမြန်လမ်း၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးနေဟုဆို

၆။ ပူတာအိုမြို၊ ခလရ(၄၆)အနီးရှိ အရပ်သားနေအိမ်များကို မေလ(၂၅)ရက်နေ့ နောက်ဆုံးထားဖယ်ပေးရန် KIA က ခြိမ်းခြောက်နေဟုဆို

၇။ ခါးပိုက်နှိက်အန္တရာယ် ကြီးထွားလာနေသော YBS ယာဥ်များ၌ CCTV များ ဇွန်လကုန်နောက်ဆုံးထား တပ်ဆင်ရမည်

၈။ မေလ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၄၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၂၅ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၄၅ ကျပ်၊ Premium Diesel – ၂၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန်နိုင်ငံထုတ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အီရန်သမ္မတ အပါအဝင် ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသူအားလုံး သေဆုံး

၂။ အမေရိကန်နိုင်ငံသားတွေ ပါဝင်တဲ့ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ကွန်ဂိုစစ်တပ် ဟန့်တားနိုင်ခဲ့ဟု ဆို

၃။ ဗီယက်နမ်ကွန်မြူနစ်ပါတီက ပြည်သူ့လုံခြုံရေးဝန်ကြီးကို သမ္မတသစ်အဖြစ် အဆိုပြုတင်သွင်း

၄။ တောင်းဆိုချက်တွေကို ခွင့်မပြုဘူးဆိုရင် အစိုးရအဖွဲက နုတ်ထွက်မယ်လို အစ္စရေးဝန်ကြီးဖြစ်သူ ဘန်နီဂန့်ဇ် ခြိမ်းခြောက်

၅။ အငြင်းပွားဖွယ်ရာဝန်ကြီးခန့်အပ်မှုအတွက် ဆရက်ထာ ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံရဖွယ်ရှိတယ်လို အထက် လွှတ်တော်အမတ် ပရာဖန်းပြော

၆။ ဘုရင့်ကျန်းမာရေးအခြေအနေကြောင့် ဆော်ဒီမင်းသားရဲ့ ဂျပန်ခရီးစဉ်ဖျက်သိမ်း

အားကစားသတင်းများ

၁။ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားက စားပြိုင်တွင် မြန်မာနိုင်ငံမှ ရွှေ(၁)ဆု၊ ငွေ(၁)ဆုရရှိထား

၂။ အရှေ့တောင်အာရှ ဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ ထွက်ခွာ

၃။ မြန်မာ့လက်ရွေးစင် ဖူဆယ်ကစားသမားနှစ်ဦးကို ထိုင်း နာမည်ကြီးကလပ်မှ ခေါ်ယူရန် တရားဝင်ကမ်းလှမ်း

၄။ U 17 League 2023-24 ပြိုင်ပွဲ ရခိုင်ယူနိုက်တက်အသင်းက ရမှတ်အများဆုံးဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေ

၅။ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘား အားကစားမယ် ဒေါက်ဂ်လက်စ် ဘားတန်းမှ ပြုတ်ကျပြီးနောက် US Classic မှ နုတ်ထွက်

အနုပညာသတင်းများ

၁။ ဆဲဆိုနေတဲ့ Comment တွေနဲ့မို ကျွန်တော်တို တိုင်းပြည်ကို စိတ်ဓာတ်တွေ ပြောင်းလဲပစ်ရဦးမယ်ဆိုတဲ့ နေထက်လင်း

၂။ အဆိုတော် လေးဖြူရဲ့ အသက် ၅၉ နှစ်ပြည့် မွေးနေ့ကို ဆရာတော်ကြီးတွေပင့်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့

၃။ နားလည်မှု၊ နွေးထွေးမှုနဲ့ သစ္စာရှိမှုဆိုတဲ့အရာတွေကို ရေးဖူး၊ဖတ်ဖူး၊ မြင်ဖူး၊ သင်ဖူးပေမယ့် တကယ့်အဓိပ္ပာယ်ကိုတော့ ချစ်သူနဲ့တွေ့မှ ခံစားဖူးခဲ့တာပါဆိုတဲ့ ထက်ထက်ထွန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post အဆိုတော် လေးဖြူရဲ့ အသက် ၅၉ နှစ်ပြည့် မွေးနေ့ကို ဆရာတော်ကြီးတွေပင့်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့