ဗြိတိန်အမျိုးသား အက်ဒဝါ့သည် မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို ဝင်ပြိုင်သူအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့

ဗြိတိန်အမျိုးသားတစ်ယောက်က ၄၃ နှစ်တာကာလအတွင်း မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ နာရီပေါင်း ၃၃၆၃ နာရီ ၄ မိနစ် ၂ စက္ကန့်အချိန်ယူပြီး မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

သူ့နာမည်ကတော့ စတိအက်ဒဝါ့ပါ။ သူဟာပြီးခဲ့တဲ့သီတင်းပတ်တုန်းက အင်္ဂလန်မှာကျင်းပတဲ့ မီတန်ကီးနက် မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီမာရသွန်ပြိုင်ပွဲဟာ သူ့အတွက် ပွဲ ၁၀၀၀ မြောက် မာရသွန်ပြိုင်ပွဲပါ။ ဒါပေမဲ့သူဟာ မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို အမြန်ဆုံးပန်းဝင်နိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အက်ဒဝါ့က သူ့ရဲ့ပထမဆုံးသော မာရသွန်ပြိုင်ပွဲကို ၁၉၈၁ ခုနှစ် သူ့အသက် ၁၈ နှစ်မှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလိုမျိုး မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တာဟာ အက်ဒဝါ့ တစ်ယောက်တည်း မဟုတ်ပါဘူး။ အက်ဒဝါ့အပါအဝင် စုစုပေါင်း လူ ၅၁ ယောက်ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့အယောက် ၅၀ စလုံးက အက်ဒဝါ့လိုမျိုး ပန်းဝင်စံချိန်ကိုမမီပါဘူး။ သူတို့အားလုံးက ပျမ်းမျှအားဖြင့် အချိန်လေးနာရီကျော်မှသာ ပန်းဝင်ခဲ့တာပါ။

အက်ဒဝါ့အနေနဲ့ အခုလိုမျိုးကမ္ဘာ့စံချိန်တင်နိုင်ခြင်းဟာ Kate’s Home Nursing ဆိုတဲ့ ပရဟိတ အဖွဲ့အတွက်လည်း ရန်ပုံငွေများကို ပိုမိုရရှိစေခဲ့ပါတယ်။ အက်ဒဝါ့ရဲ့ဇနီးဖြစ်တဲ့ ထရီဇာကတော့ အဲဒီပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၅-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်