(၁၅-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၅-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မွန်ပြည်နယ်ရှိ မျက်စိဝေဒနာရှင်များအား နိုင်ငံတော်စရိတ်ဖြင့် (၁၂)ရက်ကြာ ခွဲစိတ်ကုသပေးမည်

၂။ အသက် (၆) နှစ်အရွယ် ကလေးများကို ပထမတန်း (Grade 1) ၌ အပ်နှံကြရန် ပညာရေးဝန်ကြီးဌာန အသိပေး

၃။ ဧရာဝတီတိုင်းတွင် သဘာဝဘေးဒဏ် ခိုလှုနိုင်မည့် အဆော က်အဦး (၁၂၁) လုံးတည်ဆောက်ထား

၄။ ပြည်ပထွက်ခွာသူများ UID နံပါတ်အား သက်ဆိုင်ရာမြိုနယ် လဝကရုံးတွင် ကြိုတင်ထုတ်ယူရမည်ဖြစ်ပြီး UID နံပါတ်အတု ကိုင်ဆောင်သူများကို အရေးယူမည်

၅။ ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်‌ဆောင်မှုအဖြစ် သတ်မှတ်တော့မည်ဖြစ်၍ ကမ္ဘာ့ရွှေဈေးမြင့်တက်လာချိန် ပြည်တွင်းရွှေဈေး ခုန်မတက်တော့ဘဲ အတက်အကျ တည်ငြိမ်နေဟု ဆို

၆။ PDF အဖွဲများနှင့်ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နေသော KIA လက်နက် ကိုင်အဖွဲ၏ စစ်ဦးစီးချုပ် ကွယ်လွန်

၇။ အင်းတကော်တွင် ကိုယ်ပိုင်ယာဥ်တစ်စီး လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး တစ်ဖက်ယာဥ်ကြောမှ ၂၂ ဘီးကားကို ထပ်တိုက်ရာမှ သားအဖ ၃ ဦးစလုံးသေဆုံး

၈။ မေလ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၅၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၆၀ ကျပ်၊ Octane 95 – ၂၇၆၅ ကျပ်၊ Diesel – ၂၃၂၅ ကျပ်၊ Premium Diesel – ၂၃၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အိန္ဒိယအထွေထွေရွေးကောက်ပွဲ၏ စတုတ္ထအဆင့် မဲပေးမှုများပြုလုပ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းခံထားရသည့် ကက်ရှ်မီးယားတွင်လည်း မဲပေးမှုများပြုလုပ်

၂။ ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို အကြောင်းပြ၍ ကြားဝင်စွက်ဖက်နေခြင်းကို ရပ်တန့်ရန် အမေရိကန်၏ မဟာမိတ်များကို မြောက်ကိုရီးယား တိုက်တွန်း

၃။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ကြိုတင်ကြေညာခြင်းမရှိဘဲ ယူကရိန်းမြိုတော် ကိယက်ဗ်သို ရောက်ရှိလာ

၄။ အငြင်းပွားရေပြင်မှာ ကျွန်းတုတည်ဆောက်နေတယ်ဆိုတဲ့ ဖိလစ်ပိုင်ရဲ့ ပြောဆိုချက်ကို တရုတ် ငြင်း

၅။ ရှီနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေဖိုအတွက် မေ ၁၆-၁၇ ရက်တွေမှာ ပူတင် တရုတ်နိုင်ငံသို သွားမည်

၆။ ဂါဇာပိုမည့် လူသားချင်းစာနာထောက်ထားမှုအကူညီယာဉ်တန်းကို ဆန္ဒပြသူ အစ္စရေး များပိတ်ဆို

အားကစားသတင်းများ

၁။ ယူဆချက်အမှားတွေကို ဝေဖန်တိုက်ခိုက်လိုက်တဲ့ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူ

၂။ နောက်ကြောဒဏ်ရာကြောင့် အင်္ဂလန်အသင်းနဲ့ယူရို ၂၀၂၄ ပါဝင်ကစားဖို့ပါ အခြေအနေမကောင်းဖြစ်လာတဲ့ ဟယ်ရီကိန်း

၃။ မော်ရင်ဟိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင့် ဖီနာဘာချီဥက္ကဌလောင်း အတည်ပြု

၄။ တနင်္ဂနွေညက မိုးယိုခဲ့တာကြောင့် ကွင်းခေါင်မိုးကို တက်ဖာနေကြတဲ့ မန်ချက်စတာအလုပ်သမားများ

၅။ comebackနဲ့ လီဗာပူးကို သရေကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အသက်ဆက်ခဲ့တဲ့ အက်စတွန်ဗီလာ

အနုပညာသတင်းများ

၁။ ပရိသတ်အတွက် မတူညီတဲ့ ခံစားမှုရသကိုပေးစွမ်းမယ့် “အချစ်နွံ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

၂။ ဇာတ်သဘင်လောကကိုယ့်ဒူးကိုယ်ချွန် ကိုယ့်ဘဝကိုယ် ရုန်းကန်နေကြရပါတယ်ဆိုတဲ့ ဇာတ်မင်းသားကြီး ဦးချမ်းသာ

၃။ “သရဲဆိုတာ တကယ်ရှိတယ်” ဇာတ်ကားမှာ ပေါ့ပေါ့ပါးပါးလူငယ်ကောင်မလေး ဂူးဂူးဆိုတဲ့ နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်ဆိုတဲ့ မာဂျမ်ခေး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗြိတိန်အမျိုးသား အက်ဒဝါ့သည် မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို ဝင်ပြိုင်သူအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့
Next post ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ဗီလာ ဝင်ခွင့်ရရှိ