ဒွေးရဲ့ မွေးနေ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့တဲ့ ဇွဲနိုင်ဝင်း

ယနေ့အချိန်ထိ ပရိသတ်မမေ့နိုင်သေးသလို ချစ်ခင်မှုများစွာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေးရဲ့ အသက် ၅၈ နှစ်ပြည့်မွေးနေ့အတွက် ရည်စူးပြီး ပဲခူးတိုင်း ရွှေမောဓောစေတီတော်မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ ဇွဲနိုင်ဝင်းက ပြောပါတယ်။

“ဒီနေ့ ကျွန်တော့်ကျေးဇူးရှင် ဆရာသမား ကိုသားကြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေးရဲ့(၅၈)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ HAPPY BIRTHDAY ပါ အစ်ကိုရေ။ အစ်ကို့အတွက်ရည်စူးပြီး ကျွန်တော် ဒီမနက် ပဲခူးတိုင်း ရွှေမောဓောစေတီတော် စနေနံထောင့်မှာ ပန်းတော်ဆပ်ကပ်လှူဒါန်းရှိခိုးပြီး မေတ္တာသုတ်တော်နဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာတော်အကျယ်ကို ရွတ်ဖတ်ပူဇော်ကန်တော့ခဲ့ပါတယ်” လို့ သရုပ်ဆောင်ဇွဲနိုင်ဝင်းက ပြောပါတယ်။

သူ့ဟာ ဘုရားပေါ်သီတင်းသုံးနေ ဆွမ်းခံနေတဲ့ သံဃာတော်တိုင်းကို နဝကမ္မအလှူငွေ ဆပ်ကပ်လှူဒါန်း ကုသိုလ်ပြုခဲ့ပြီး စာကလေးတွေ အကောင်အများကြီးလွှတ်ပေးတဲ့ ကုသိုလ်လည်းပြုခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော် ကောင်းမှုကုသိုလ်ပြုခဲ့သမျှ အစ်ကို သာဓု ခေါ်နိုင်ပါစေ။ အစ်ကိုရှိနေတဲ့ နေရာကနေ သာဓုခေါ်နိုင်ပါစေ။ သာဓု ခေါ်ပေး အစ်ကိုရယ်နော် သာဓု သာဓု သာဓု။ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ပါ။ ကိုသားကြီးနဲ့မွေးနေ့ တစ်ရက်တည်း ဖြစ်တဲ့ ကိုလူမင်း ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ” လို့သူက ဆက်ပြောပါတယ်။

“မွေးနေ့ရောက်လာပြန်ပြီ အစ်ကို ငြိမ်းချမ်းနေမယ်လို့ ယုံကြည်ပါတယ် …” လို့ ညီဖြစ်သူ ဒါရိုက်တာသားညီက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ချဲလ်ဆီးရဲ့ တနှစ်တာ အကောင်းဆုံးဆု ၂ဆုကို ဆွတ်ခူး သွားတဲ့ ကိုးလ်ပါလ်မာ