(၈-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၈-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နှင့် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေး

၂။ ဗဟိုဘဏ်က ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၂ဒသမ ၅သန်း ထပ်မံရောင်းချ

၃။ ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ Demand Letter အချိုကို အလုပ်သမားဝန်ကြီးဌာနဘက်က ပြန်လည်လက်ခံ

၄။ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၂) ဦး ခန့်အပ်

၅။ မြန်မာ့အတိုက်အခံအုပ်စုတွေနဲ့ သက်ဆင်တွေ့ဆုံမှု ထိုင်းအစိုးရမူဝါဒမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

၆။ AA လက်နက်ကိုင်အဖွဲက တစ်လအတွင်း ဘင်္ဂါလီ ၃၂ ဦးကို သတ်ဖြတ်ဟု FRC ပြော

၇။ နွားခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပေါင်းတည် PDF များ သတ်ဖြတ်လိုက်သဖြင့် မင်းလှ PDF သုံးဦးကို အနက်ရောင်သေမင်းတမန်အဖွဲက လက်တုံပြန် သတ်ဖြတ်

၈။ မေလ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၂၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၃၅ ကျပ်၊ Octane 95 – ၂၉၄၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမတိုင်မီ ဟားမာ့စ်ကို ဖိအားပေးသည့်အနေဖြင့် အစ္စရေးက ရာဖာကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်

၂။ အနောက်အုပ်စုကပံ့ပိုးသည့် လက်နက်ခဲယမ်းများ ယူကရိန်းသို ရောက်မလာမီ ရုရှားစစ်တပ်က ယူကရိန်းစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်

၃။ ပြင်သစ်သည် ရုရှားနှင့် စစ်တိုက်နေခြင်းမဟုတ် ဟု ပြင်သစ်သမ္မတဆို

၄။ တရုတ်နဲ့ စစ်ဖြစ်ခဲ့ရင် စစ်ပွဲအတွင်း သင်္ဘောတွေ အမြန်ပြုပြင်နိုင်အောင် အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားက သင်္ဘောကျင်းတွေမှာ စစ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းဖို အမေရိကန် စဉ်းစားနေ

၅။ အမေရိကန်တပ်ဖွဲဝင်တွေကို ထွက်ခွာသွားဖို တောင်းဆိုထားတဲ့ နိုင်ဂျာကို ရုရှားစစ်အကြံပေးတွေနဲ့ စစ်လက် နက်ပစ္စည်းတွေ ရောက်ရှိလာ

၆။ အမေရိကန်စစ်သည်တစ်ဦး ရုရှားနိုင်ငံမှာ ခိုးမှုစွပ်စွဲခံရပြီး အဖမ်းခံထားရ

အားကစားသတင်းများ

၁။ မြန်မာနေရှင်နယ်လိဂ် အုပ်စုပွဲစဉ်တစ်ခုအတွင်း ခိုက်ရန်ဖြစ် ပွားခဲ့သည့် ကစားသမား (၆)ဦးအား ပြစ်ဒဏ်များချမှတ်

၂။ အသင်းမှာ ဒီကလန်ရိုက်စ် မရှိတော့လို့ ချဲလ်ဆီးကို အရှက်တကွဲရှုံးနိမ့်ခဲ့ရတယ်လို့ ထောက်ပြပြောဆိုလာတဲ့ မိုယက်စ်

၃။ လာမယ့်ရာသီမှာ တော့တင်ဟမ်ကပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းဖြစ်လာမယ်လို့ ရစ်ချာလီဆင် ပြောကြား

၄။ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ သောမတ်စ်မူလာ

၅။ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကက်စ်မဲရိုးကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ

အနုပညာသတင်းများ

၁။ အကယ်ဒမီဒွေးရဲ့ အသက် ၅၈ နှစ်ပြည့်‌ မွေးနေ့အတွက် ရည်စူးပြီး ပဲခူးတိုင်း ရွှေမောဓောစေတီတော်မှာ ကောင်းမှုကု သိုလ်တွေပြုလုပ်ပေးခဲ့တဲ့ ဇွဲနိုင်ဝင်း

၂။ ‘(၂၀၁၃) ခုနှစ် ကတည်းက Dancer ဘဝကနေ ဝင်လာပြီး အဆိုတော်ဘက် ကူးလာခဲ့တာပါ’ လို့ ပြောလာတဲ့ Jay

၃။ နာမည်ကြီးမင်းသမီးကို သတိမေ့သွားတဲ့အထိ ပါးရိုက်ခဲ့ဖူးတယ်ဆိုတဲ့ ဇော်မှိင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဈာပနကို ပင့်သံဃာ (၁၀၈)ပါးဖြင့် မေလ ၉ ရက်နေ့တွင် ကျင်းပမည်
Next post ဒွေးရဲ့ မွေးနေ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့တဲ့ ဇွဲနိုင်ဝင်း