စစ်ကိုင်းတိုင်းက မြို့နယ် (၇) ခုမှာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တစ်ဦး ေ-သဆုံး၊ အဆောက်အဦ (၃၀၀) ကျော် ပျက်စီး

စစ်ကိုင်းတိုင်းက မြို့နယ် (၇) မြို့နယ်မှာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တစ်ဦး သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အဦတွေ အပါအဝင် လူနေအိမ် (၃၀၀) ထက်မနည်း ပျက်စီးခဲ့သည်ဟု ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါသည်။

မေလ ၁ ရက် ၊ ညနေ ၄ နာရီဝန်းကျင်က စစ်ကိုင်းတိုင်းရှိ မုံရွာ ၊ ဆားလင်းကြီး ၊ ယင်းမာပင် ၊ ကနီ ၊ ဘုတလင် ၊ အရာတော် နှင့် မုံရွာ မန္တလေး ကားလမ်းပိုင်းတွေမှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာ ဖြစ်ပါသည်။

လေပြင်း တိုက်ခတ်ချိန် တစ်နာရီ နီးပါးကြာခဲ့ပြီး တိုက်ခတ်မှုကြောင့် မြို့၏ နေရာတော်တော်များများမှာ သစ်ပင် ၊ သစ်ကိုင်းတွေ ၊ လျှပ်စစ်ဓာတ်မီးတိုင်နှင့် ဖုန်းတိုင်တွေ ပြိုလဲခဲ့ပြီး မုံရွာ-မန္တလေး ကားလမ်း ၊ မုံရွာ- ဘုတလင်-ဒီပဲယင်း ကားလမ်းနှင့် မုံရွာ- အရာတော် ကားလမ်းတစ်လျောက် သစ်ပင်ကြီးတွေ ပြိုလဲပြီး လမ်းတွေ ပိတ်သွားကြောင်း သိရသည်။

ဒါ့အပြင် မုံရွာမြို့၊ ထန်းတောဇီးခြံ ၁၉ လမ်းထဲက အသက် ၁၂ နှစ်အရွယ် ၊ ကောင်လေး (၁) ယောက် လေလွင့်လာသည့် သွပ်ပြား ထိခိုက်ရှမိပြီး သေဆုံးခဲ့သည်ဟု ကူညီကယ်ဆယ်ရေး ပရဟိတသမားတစ်ယောက်က ပြောပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၅-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မော်လမြိုင်ရှိ အေးသန္တာအထူးကုဆေးရုံ သုံးလ ပိတ်သိမ်းခံရ