မော်လမြိုင်ရှိ အေးသန္တာအထူးကုဆေးရုံ သုံးလ ပိတ်သိမ်းခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ထားဝယ်စုရပ်ကွက်ရှိ အေးသန္တာအထူးကုဆေးရုံအား သုံးလပိတ်သိမ်းရန် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားကြောင်း အဆိုပါဆေးရုံမှ သိရသည်။ CDM ပြုလုပ်ထားသည့် ဆရာဝန်များအား ဆေးရုံတွင် ဆေးကုသ ခွင့်ပေးထား၍ ဟုဆိုကာ ယခုမေလ ၁ ရက်နေ့မှ စတင်ကာ ဆေးရုံအား သုံးလပိတ်သိမ်းခဲ့ခြင်းဟု သိရသည်။

” သုံးလယာယီပိတ်လိုက်တာပါ။ ဆေးရုံပိတ်ကြောင်းကိုလည်း ကြေညာပေးထားပါတယ်။”ဆေးရုံအား မေလ ၁ ရက်မှစ၍ ခေတ္တယာယီသုံးလ ပိတ်ထားမည်ဖြစ်ကာ ဆေးရုံပိတ်ထားစဉ်အတွင်း အဆင်ပြေစေရန် ဆက်သွယ်နိုင်မည့် ဖုန်းနံပတ်အချို့ တို့အား ဖော်ပြထားသည့် ဗီနိုင်းစာရွက်အား ဆေးရုံရှေ့တွင် ချိတ်ဆွဲထားကြောင်း မော်လမြိုင်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဆေးရုံယာယီပိတ်သိမ်းလိုက်ရသည့် အတွက် အဆိုပါဆေးရုံတွင် ပုံမှန်ဆေးပြသနေရသူများ အခက်အခဲ ကြုံတွေ့နိုင်ကြောင်း လည်း မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။ အလားတူ ညွှန်ကြားချက်များကို မလိုက်နာသောကြောင့်ဆိုကာ ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ ပင်လုံပုဂ္ဂလိကအထူးကုဆေးရုံကို ဖေဖော်ဝါရီလမှ စ၍ နှစ်လယာယီပိတ်သိမ်းခဲ့ပြီး အောင်ရတနာပုဂ္ဂလိက အထူးကုဆေးရုံကိုလည်း မေလမှ စ၍ နှစ်လယာယီပိတ်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပုဂ္ဂလိကဆေးရုံများတွင် ညွှန်ကြားချက်များအား လိုက်နာမှုရှိ၊ မရှိကို ကျန်းမာရေးဝန်ကြီးဌာနက တင်းကျပ် စွာ စစ်ဆေးမှုများ ရှိနေကြောင်း ပုဂ္ဂလိကအထူကုဆေးရုံ၊ ဆေးခန်းများ၏ တာဝန်ရှိသူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်ကိုင်းတိုင်းက မြို့နယ် (၇) ခုမှာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တစ်ဦး ေ-သဆုံး၊ အဆောက်အဦ (၃၀၀) ကျော် ပျက်စီး
Next post (၃-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ